၁၃ ။

6.4K 1K 22
                                    

[Unicode]

မုန့်ယန်က လှေကားထောင့်မှာရပ်နေရင်း အောက်ကလူတွေအကုန်လုံးကို တိတ်တဆိတ်လေ့လာနေမိတယ်။

အောက်မှာထိုင်နေကြသူတွေထဲ လော့ရှိုးရဲ့ ညီသုံးယောက်၊ အစ်ကိုဝမ်းကွဲ၊ ညီငယ်ဝမ်းကွဲ၂ ယောက်နဲ့ ဇနီးကိုယ်စီဖြစ်တယ်။

နောက်မှရောက်လာတဲ့ သခင်ကြီးချန်းက အစက လူကြီးသူမဆိုတဲ့ ဂုဏ်ပုဒ်ကို သုံးဖို့စီစဉ်ထားပေမဲ့ လော့ရှိုးစကားနည်းနည်းပြောရုံရှိသေး ဆွံ့အသွားရချေပြီ။

မုန့်ယန် လော့ရှိုးနောက်ကျောကို ကြည့်နေရုံနဲ့တင်  တစ်ဖက်သားကို လွှမ်းမိုးနိုင်တဲ့ ဖိအားမျိုးကိုခံစားမိတယ်။ သူ့ကို တည့်တည့်ရင်ဆိုင်နေရတဲ့သူတွေအတွက်တော့ ထည့်ပြောစရာကို မလိုတော့ဘူး။

သခင်ကြီးချန်းအတွက် လော့ရှိုးနဲ့ သူ့သမီးက ကွာရှင်းခဲ့တာ ဆယ်နှစ်ကျော်ပြီဆိုပေမဲ့ သူက လော့ရှိုးရှေ့ ထည်ဝါဖို့ လော့ရှန်းအဘိုးဆိုတဲ့ ဂုဏ်ပုဒ်ကိုသုံးချင်နေတုန်းပဲ။ သူက လော့ရှိုးကို လော့ရှန်းက ဆက်ခံသူအဖြစ် ကြေညာစေချင်တာဖြစ်တယ်။ လော့ရှန်းက သူ့သမီးရဲ့သားဆိုပေမဲ့ လော့ရှိုးရဲ့ သားတော့မဟုတ်ဘူး။ ဒါပေမဲ့ သခင်ကြီးချန်းက ဒီအကြောင်းကိက မသိသေး။

အခုလက်ရှိမှာ  လော့ရှန်းက လော့ရှိုးသားမဟုတ်တာကို သိတာ မုန့်ယန်၊ လော့ရှိုးနဲ့ လော့ရှန်းအမေပဲရှိတယ်။ လော့ရှန်းအမေက ဒီအကြောင်းကို သူမကလွဲပြီး ဘယ်သူမှမသိဘူးပဲထင်နေတာဖြစ်ရမယ်။ ဒီလိုသာဆို လော့ရှန်းက လော့မိသားစုရဲ့ အမွေကိုဆက်ခံနိုင်မှာဖြစ်တယ်။ ဒါဆို သူမ ထုတ်ပြောလို့လည်း ဘာအကျိုးအမြတ်မှမရှိ။

လော့ရှိုးက ဒါနဲ့ပတ်သတ်ပြီး တစ်ခွန်းမှတော့ မဟခဲ့ဖူးဘူး။ မုန့်ယန် ခန့်မှန်းရသလောက်တော့ သူက ဘာမှမပြောရင် ခေတ္တချင့်ချိန်ပြီး အခွင့်ကောင်းကိုစောင့်နေတာပဲဖြစ်ရမယ်။
အခု မုန့်ယန်က ဒီသတင်းအချက်အလက်ကိုအခွင့်ကောင်းယူပြီး ချန်းမိသားစုကို လက်စားမချေချင်တာတော့ မဟုတ်ဘူး။ ချန်းမိသားစုက လော့ရှန်းကို လော့မိသားစုစီးပွားရေး ဆက်ခံနိုင်အောင် အစွမ်းကုန်အားထုတ်နိုင်သမျှ အားထုတ်မယ်ဆိုတာ သူသိတယ်။ သူတို့ပိုပြီးမျှော်လင့်လေ ထိုးနှက်ချက်က ပိုပြီးကြမ်းတမ်းလေပဲ။ လော့ရှန်းက ချန်းမိသားစုကို တစ်ခါတည်း အသေထိုးလဲှနိုင်မဲ့ရိုက်ချက်ပေးဖို့အခွင့်အရေးကို စောင့်နေရုံပဲဖြစ်တယ်။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now