၇ ။

7.4K 1K 18
                                    

[Unicode]

[T/N - ML Gong နာမည်ကို ပြန်ပြင်ထားပါတယ်။ အသံထွက်အမှန်ကို ပြင်ဆင်ထားတာပါ။]

ဘယ်လိုပဲဖြစ်ဖြစ် မုန့်ယန်က လော့ရှိုးကို အချိန်အတိုင်းအတာတစ်ခုအထိ တွဲခဲ့တာဖြစ်လို့အတိုင်းအတာတစ်ခုထိတော့ နားလည်တယ်။ လော့ရှန်းဟာ သူ့အဖိုး မြေတောင်မြှောက်ပေးတာကိုခံရပြီး လူငယ်အရွယ်ရောက်လာမှ လော့မိသားစုအိမ်ကို ပြန်လာခဲ့တာဖြစ်တယ်။ အပြင်မှာ သူ့ကိုယ်ပိုင်အိမ်လည်းရှိတဲ့အတွက် နေ့တိုင်း ပြန်မလာဘူး။ လော့မိသားစုအိမ်က ကြီးလွန်းလို့ သူတို့တစ်မိုးအောက်တူတူရှိနေရင်တောင် အချင်းချင်းမတွေ့လောက်ဘူး။ မုန့်ယန်က သူ အဲမှာ ရက်အနည်းငယ်နေထိုင်ဦးမယ်ထင်ခဲ့မိတယ်။

ဒါပေမဲ့ မုန့်ယန်နဲ့လော့ရှိုး နောက်တစ်နေ့မနက် မနက်စာတူတူစားနေချိန်မှာပဲ လော့ရှန်းရောက်ချလာလေတယ်။ သူက လော့ရှိုးကို ပြောစရာတစ်ခုခုရှိနေတဲ့ပုံပဲ။ဒါပေမဲ့ မုန့်ယန်ကိုမြင်ချိန်မှာတော့ အံ့သြကာရပ်သွားတယ်။

"မင်းဒီမှာ ဘာလုပ်နေတာလဲ!"
လော့ရှန်းက အသိပြန်ဝင်ဝင်ချင်းမေးလိုက်တယ်။
"မင်းကို ဘယ်သူကလာခွင့်ပြုထားလို့လဲ!"

မုန့်ယန်က သူ့ကိုမဖြေဘဲ တမင် လော့ရှိုးကို အပြစ်ကင်းပြီးကူကယ်ရမဲ့ မျက်ဝန်းတွေနဲ့ ကြည့်လိုက်တယ်။

"သူကငါ ဒီမှာနေဖို့ ဖိတ်ထားတဲ့ ဧည့်သည်ပဲ။ မင်းမှာ ပြောစရာတစ်ခုခုရှိလို့လား။"
လော့ရှိုးက လော့ရှန်းကို အေးစက်စွာကြည့်နေတယ်။

လော့ရှန်းက လော့ရှိုးစကားတွေကြောင့် ပိုတောင်အံ့သြသင့်သွားပြီး ဒေါသတကြီးပြောလိုက်တယ်။
"အဖေ၊ သူ အဖေ့ကိုဘာတွေပြောထားလို့လဲ။ ကျွန်တော်သူနဲ့ လမ်းခွဲပြီးပြီ။ သူဘာပြောပြော လိမ်နေတာတွေချည်းပဲ။ သူ့ကိုမယုံနဲ့!"

"သူမင်းနဲ့လမ်းခွဲပြီးတာ ငါသိတယ်။ သူ့ကိုဒီမှာခေါ်ထားတယ်ဆိုတာကလည်း မင်းနဲ့မဆိုင်ဘူး။ အဲတော့ဂရုစိုက်စရာမလိုတဲ့အတွက် သူ့ကိုမမြင်ချင်ရင် ဒီကိုပြန်မလာနဲ့။"
လော့ရှိုးက လော့ရှန်းအမေနဲ့ အဖိုးအဖွားကို မုန်းတီးနေခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ခုချိန်က သူက လော့ရှိုးရဲ့သွေးသားရင်းမဟုတ်ဘူးဆိုတာကို ဖော်ထုတ်လို့မဖြစ်သေးဘူး။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now