၁၄ ။

6.6K 1K 42
                                    

[Unicode]

လော့ရှိုးရုတ်တရက် မျက်လုံးတွေဖွင့်ပြီး ပြတင်းပေါက်တွေဘက် လှည့်ကြည့်လိုက်ချိန် ကောင်းကင်က ထိန်လင်းနေပြီဖြစ်ကြောင်း သိလိုက်ရတယ်။ သူ ခေါင်းကိုက်ရင်းနဲ့ တကယ်အိပ်မောကျသွားပြီး မိုးသောက်ချိန်ထိ အိပ်ပျော်သွားခဲ့တာပဲ။ သူ လက်ဖက်ရည်စားပွဲပေါ်က အမွှေးနံ့သာခွက်ကိုကြည့်လိုက်ပြီး အနည်းငယ်မယုံကြည်နိုင်ဖြစ်နေတယ်။ သူ့ခေါင်းကိုက်တာက မပျောက်သေးပေမဲ့ တစ်ညတာအိပ်ရေးဝဝအိပ်ပြီးတဲ့နောက် မနေ့ညကလောက် သိပ်နာမကျင်တော့ဘူး။

လော့ရှိုး သူ့ဆန့်ကျင်ဘက်က ဆိုဖာပေါ် ကွေးကွေးလေး  အိပ်ပျော်နေသေးတဲ့ မုန့်ယန်ကို တစ်ချက်ကြည့်လိုက်တယ်။ ထရပ်ပြီး အလယ်က လက်ဖက်ရည်စားပွဲဆီသွားကာ သူဆောင့်ကြောင့်ထိုင်ချပြီး မုန့်ယန်ရဲ့အိပ်ပျော်နေတဲ့ မျက်နှာကိုကြည့်လိုက်တယ်။ သူတို့တွေ့ဆုံတည်းု သူ့ကို ဇဝေဇဝါဖြစ်စေတဲ့ မေးခွန်းတွေအများကြီးပဲ၊ ဒါပေမဲ့ သူ 'အမှန်တရား' ကိုတော့ သိဖို့ အလျင်လိုမနေဘူး။ အရာအားလုံးက တကယ်ကို တိုက်ဆိုင်မှုလည်းဖြစ်နိုင်တာပဲ။

လော့ရှိုးက မုန့်ယန်ကို ဆိုဖာပေါ်ကချီပြီး အိပ်ရာပေါ်တင်ပေးကာ အိပ်ခိုင်းဖို့လုပ်ပေမဲ့ သူ မုန့်ယန်ကို ထိထိချင်းမှာပဲ နိုးလာတယ်။

"နေထွက်နေပြီလား" မုန့်ယန်က မျက်စိမပွင့်တပွင့်နဲ့ မေးလာတယ်။

"အင်း၊ မနက်ရောက်နေပြီ" လော့ရှိုးက မုန့်ယန်ကို အိပ်ရာပေါ်တင်ပေးပြီး သူ့ကိုကြည့်ကာ မေးလိုက်တယ်။
"မင်းအိပ်ချင်နေသေးလား"

"ထပ်မအိပ်တော့ပါဘူး" မုန့်ယန်ထထိုင်ပြီးမျက်နှာကို လက်ဖဝါးနဲ့ပွတ်သပ်လိုက်တယ်။
"လော့ရှူးရှု မနေ့ကအိပ်ပျော်လား"

"... အိပ်မောကျသွားတယ်"

"အင်း" မုန့်ယန်က ပြုံးပြီးပြောလိုက်တယ်။
ိ"ဒီဆေးပင်တွေက အသုံးဝင်သွားတာ တကယ်ကောင်းတာပဲ၊ ကျွန်တော်လည်း မကြာခဏ အိပ်မပျော်တာဖြစ်တတ်တော့ ဒီ
အမွှေးနံ့သာကို ကိုယ့်အတွက်ကိုယ် ထုတ်ထားတာ၊ နောက်ဆို ကျွန်တော်တို့ တူတူသုံးလို့ရတယ်လေ၊ ဒါပေမဲ့ မနေ့ညက ရှူးရှုကိုယ်ပေါ်မှာ တစ်ခုခုလွဲနေတဲ့အနံ့ရလိုက်တယ်၊ အိပ်မပျော်တာအပြင် တခြား ခန္ဓာကိုယ်မှာ မသက်မသာဖြစ်နေတာတွေ ရှိသေးတယ်ထင်တယ်"

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now