၈၆ ။

3K 281 6
                                    

နောက်တစ်နေ့မနက် မုန့်ယန် အိပ်ရာထပြီးတဲ့နောက် လက်ထောက်က ဆယ်ဆီပြန်ရောက်လာပြီဖြစ်တဲ့အကြောင်း ပြောလေတယ်။


မုန့်ယန် ကိုယ်လက်သန့်စင်ပြီးတဲ့နောက် မျက်နှာချင်းဆိုင် ဆယ်ဆီ့အခန်းဆီ သွားခဲ့တယ်။

ဆယ်ဆီ ရေချိုးခန်းထဲက ထွက်လာကာစဖြစ်ပြီးတော့ မုန့်ယန် သူ့ကိုကြည့်ပြီး မေးလိုက်တယ်။
"ဘယ်လိုလဲ မင်းရှာချင်တဲ့ ဉာဏ်ကွန့်မြူးမှုရော ရှာတွေ့ခဲ့လား"

မနေ့ညတုန်းက ဆယ်ဆီက ဉာဏ်ကွန့်မြူးမှု သွားရှာတယ်ဆိုပြီး အသိပေးထားတဲ့ စာတိုလေး သူ့ဆီရေးခဲ့တာ။

"ငါအရမ်းကိုကောင်းတဲ့ ဉာဏ်ကွန့်မြူးမှုရခဲ့တယ်" ဆယ်ဆီကပြုံးပြီး အိပ်ရာကြီးဆီလျှောက်လာကာ ထိုင်ချရင်း သက်ပြင်းချလိုက်တယ်။
"ငါအရမ်းပင်ပန်းနေပြီ..."

    
"တစ်ညလုံး မအိပ်ရသေးဘူးလား" မုန့်ယန်က လျှောက်လာပြီး အိပ်ရာဘေးထိုင်လိုက်တယ်။

"ငါလုံးဝမအိပ်ရသေးဘူး" ဆယ်ဆီက စောင်ကိုခြုံကာ လှဲလိုက်တယ်။ နောက်တစ်ကြိမ် သက်ပြင်းချပြီးတဲ့နောက် သူက မုန့်ယန်ကို ကြည့်လိုက်တယ်။
"ငါမထိန်းနိုင်ခဲ့သေးဘူးလေ၊ အပြစ်ရှိသလို ခံစားနေရတယ်"


ဆယ်ဆီက ဒီလိုအကျင့်စရိုက်ရှိတာ မုန့်ယန်သိပေမဲ့ တကယ်ကို စွမ်းဆောင်နိုင်တာပဲလို့ ခံစားရတုန်းပဲ။ ဝူးနာ့ထျန်လို အကျင့်စရိုက်နဲ့လူတောင် တစ်ညလုံးစွမ်းဆောင်နိုင်ခဲ့တယ်လေ။

   
"နောက်ပိုင်း ငါဒီကို ထပ်လာရင် အဲတောင်တန်းဈေးဆီ ထပ်သွားလို့မရတော့မှာ နှမျောစရာပဲ၊ အဲမှာအရသာရှိတဲ့ အစားအသောက်တွေ အများကြီးကို..."
ဆယ်ဆီက နှမျောတသစွာ ပြောလာတယ်။

ကေကလည်း နိုးလာပြီး ဆယ်ဆီ့အခန်းထဲ ဝင်လာတော့ မုန့်ယန် အိပ်ရာပေါ် ထိုင်ကာ စကားပြောနေတာမြင်လိုက်ရတယ်။ သူ အပြစ်တင်တော့တာပေါ့။
"မင်းတို့ဘာတွေ တီးတိုးပြောနေကြတာလဲ၊ ငါ့ကိုမခေါ်ရအောင်"

    
"ကလေးတွေ နားထောင်ဖို့မသင့်တော်တဲ့ နှစ်ကိုယ်ကြား စကားတွေပြောနေတာလေ"
ဆယ်ဆီက ခပ်ပြုံးပြုံးပြောလိုက်တယ်။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now