၂၀ ။

6.2K 841 23
                                    

[Unicode]

ရွှီဝမ်ယာ့တပည့်တွေနဲ့ လက်ထောက်နှစ်ယောက်က သစ်သားဘူးထဲထည့်ထားတဲ့ မေးခွန်းတွေ ယူလာကြတယ်။ ဒီ စာမေးပွဲမေးခွန်းတွေဆိုတာက စာရွက်ပေါ်ချရေးထားတာမျိုး မဟုတ်ဘဲ ရေမွှေးလုပ်တာနဲ့သက်ဆိုင်တဲ့ အမှုန့်၊ အရည်၊ ဂျုံကော်နဲ့ အခဲ ကုန်ကြမ်းပစ္စည်းအမျိုးမျိုးဖြစ်တယ်။

"ကျွင်းချန်၊ မင်းက သူနဲ့ ယှဉ်ပြိုင်ဖို့ မျက်စိကိုအဝတ်နဲ့စည်းထားရမယ်၊ မဟုတ်ရင် သူက မတရားဘူးဆိုပြီး တွေးလောက်တယ်"

"...ဟုတ်" ယွီကျွင်းချန်က အဖြူရောင်အဝတ်စကိုယူကာ မျက်စိကိုအုပ်လိုက်တယ်။ သူ မုန့်ယန်နဲ့ ဆက်ဆံရေးကို ပိုမဆိုးစေချင်ပေမဲ့ ဒီလိုကိစ္စမျိုးတွေပတ်သတ်လာတဲ့အခါ သူ့ခွန်အားကိုပြရုံသာရှိတော့တယ်။

မုန့်ယန်က ထိုင်ချပြီး သူ့ကိုယ်သူ အဝတ်ကျယ်တစ်ခုနဲ့ မျက်လုံးကိုစည်းလိုက်တယ်။ ရွှီဝမ်ယာ့က သူ့အပြုအမူကိုမြင်တော့ နှာခေါင်းရှုံ့လိုက်တယ်။

ရွှီဝမ်ယာ့ရဲ့ အတွင်းရေးမှူးနှစ်ယောက်က သစ်သားသေတ္တာကိုဖွင့်လိုက်ပြီး အဖုံးဖုံးထားတဲ့အောက်ခံပန်းကန်ပြားတွေကို ထုတ်လာကာ မုန့်ယန်နဲ့ ယွီကျွင်းချန်ရှေ့မှာရှိတဲ့ စားပွဲရှည်ကြီးပေါ် သပ်ရပ်စွာ တင်ထားလိုက်တယ်။

ယွီကျွင်းချန် ပန်းကန်ပြားကို မကာ သူ့နှာခေါင်းအောက်ထားပြီး အနံ့ကို အာရုံစိုက်မဲ့ဆဲဆဲမှာပဲ မုန့်ယန်ကပြောလိုက်တယ်။
"လင်ရှန်းပဲမှုန့်"

ွီကျွင်းချန်က တစ်ခဏတာတောင့်ခဲသွားပြီးတဲ့နောက် အဖြေကြေညာမှာကို စောင့်နေလေတယ်။

လက်ထောက်က ပန်းကန်ထဲက အမှုန့်နည်းနည်းကို ဇွန်းထဲထည့်ရင်း ပန်းကန်အောက်ခြေကို လူတိုင်းဘက်ပြလိုက်တယ်။
"လင်ရှန်းပဲမှုန့်"

"... ထင်းရှူးညှိဆီ" ယွီကျွင်းချန်ကလည်း ဖြေလိုက်တယ်။

"ထင်းရှူးညှိဆီ မှန်ပါတယ်" လက်ထောက်က ပန်းကန်အောက်ခြေကို ပြလိုက်တယ်။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now