၁၇ ။

6.4K 949 26
                                    

ယွီကျွင်းချန်က လော့ရှန်းဆေးရုံမှာ ဆေးသွားစစ်ဖို့ လိုက်ပါသွားပြီး သူ တခြားဘာဒဏ်ရာမှမရကြောင်း အတည်ပြုလိုက်တယ်။ လော့ရှန်း စိတ်အခြေအနေမကောင်းသေးတာမို့ သူ့စိတ်ထဲ မသက်မသာဖြစ်နေတုန်းဖြစ်တဲ့အတွက် လော့ရှန်းနဲ့အတူ လုံလင်းတောင်ပေါ်က ပင်မအိမ်ဆီ ပြန်လိုက်လာခဲ့တယ်။

ဧည့်ခန်းထဲက ဆိုဖာပေါ်မှာထိုင်ရင်း လော့ရှန်းက လက်ဖက်ရည်ခွက်ထဲကနေ တစ်ငုံသောက်လိုက်တယ်။ သူက ရှောင်ခယ်ကားနဲ့တိုက်ခံခဲ့ရကြောင်း မှတ်မိတော့ သူ့ဒေါသက တစ်ဖန်လိမ့်တက်လာပြီး မြေကြီးပေါ် လက်ဖက်ရည်ခွက်ကိုပစ်ချလိုက်တယ်။

ယွီကျွင်းချန်က သူ့အပြုအမူကြောင့် ထိတ်လန့်သွားပြီး သူ့ကိုကြည့်ကာ ပြောလိုက်တယ်။
"ငါတို့တွေ လေးငါးရက်အတွင်းစေ့စပ်ပွဲကျင်းပရတော့မှာနော်၊ မင်းက ငါ့ကို ဒီလိုဒေါသမျိုးနဲ့စေ့စပ်စေချင်လား"

"ကို ဘယ်သူ့ကိုရှုံးရှုံး အဲအရူးကောင် ရှောင်ခယ်ကိုတော့ရှုံးလို့မဖြစ်ဘူး၊ မဟုတ်ရင် သူသေချာပေါက်ကို့ ဂုဏ်သိက္ခာကို ဖျက်ဆီးမှာ! သူ့ကိုနိုင်အောင် မြန်နိုင်သမျှမြန်မြန်လုပ်ရမယ်! သူ့ကိုအကြာကြီး ထောင်လွှားခွင့်မပေးနိုင်ဘူး"

"သူ့ကိုထပ်နိုင်ချင်ရင်တောင် ငါတို့စေ့စပ်ပွဲအတွက်ဘိုကင်လုပ်ပြီးတဲ့အထိ စောင့်လို့မရဘူးလား"
ယွီကျွင်းချန်က တိုးလိျှုတောင်းပန်ဟန်ကြည့်လိုက်တယ်။
"သိပ်ပြီး အများကြီးမစဉ်းစားနဲ့တော့၊ မင်း အဲလိုမျိုး စိတိအခြေအနေမကောင်းပုံနဲ့ ငါတကယ်မစေ့စပ်ချင်ဘူး၊ အဲတော့ င့ါအတွက်ပဲလုပ်ပေးပါနော်၊ ဟုတ်ပြီလား"

လော့ရှန်းက အသက်ပြင်းပြင်းရှူပြီး သူ့ဒေါသနဲ့ မရွှင်မပျဖြစ်မှုကို မျိုသိပ်လိုက်တယ်။ ယွီကျွင်းချန်လက်ကိုကိုင်ထားပြီး သူကပြောလိုက်တယ်။
"ကိုတောင်းပန်ပါတယ်၊ စိတ်ကိုထိန်းချုပ်နိုင်အောင် အကောင်းဆုံးကြိုးစားပါ့မယ်..."

အဲအချိန် မုန့်ယန်က လော့ရှန်းက မရွှင်မပျင်ဖြစ်နေတဲ့အမူအရာနဲ့ ယွီကျွင်းချန်ရဲ့စိုးရိမ်နေတဲ့အမူအရာကိုကြည့်ဖို့ အထဲဝင်လာတယ်။ သူကပြုံးပြီး တမင်သက်သက်မေးလိုက်တယ်။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now