၅၃ ။

3.6K 425 2
                                    

မုန့်ယန် တရုတ်ကိုပြန်ရောက်တာနဲ့ ပထမဆုံး စုတိအတွက် ဆေးရနံ့ကုထုံးပြင်ပေးပြီး လုယွင်ကျင်းနဲ့အတူ သွားလည်ခဲ့တယ်။

​ရှောင်ခယ်က မုန့်ယန်ကို ဒီအတောအတွင်း စုတိရဲ့အခြေအနေကိုပြောပြပြီး ဂရုစိုက်ပေးလို့ နောက်တစ်ကြိမ်ထပ်ကျေးဇူးတင်ခဲ့တယ်။ ပြီးတော့ သူတို့ မုန့်ယန်နဲ့ပတ်သတ်တဲ့ကိစ္စတစ်ချို့ စကားစမြည်ပြောဖြစ်ကြတယ်။

"မင်းရဲ့အခု ရေမွှေးရောင်းရနှုန်းက တကယ်ကြောက်ခမန်းလိလိပဲ၊ မင်းသာ ဒီလိုမျိုး ဆက်ထိန်းထားရင် နှစ်အနည်းငယ်အတွင်း ငါတို့မိသားစုထက်တောင် ပိုက်ဆံပိုရှာနိုင်တော့မယ်လို့ အဖေကပြောနေသေးတယ်"
လုယွင်ကျင်းက ပြောလိုက်တယ်။

"ပြီးတော့ အဲဒီ အိပ်စက်ဖို့အကူအညီတွေ၊  အမွှေးတိုင်တွေ၊ ရနံ့ဆီလိုမျိုးတွေက အခု စိတ်ရောဂါပညာရှင်တွေအတွက်ပါ မရှိမဖြစ်လိုအပ်တဲ့ထုတ်ကုန်တွေ ဖြစ်လာပြီ၊ ဝယ်ချင်ရင်တောင် ဝယ်ဖို့ခက်လွန်းတယ်"
ရှောင်ခယ်ကဆက်ပြောလိုက်တယ်။

"ငါက အကြမ်းဖျဥ်းဘယ်လောက် ရောင်းရလဲပဲဂရုစိုက်တာပါ၊ ပိုက်ဆံဘယ်လောက်ရလဲတော့ ဂရုမစိုက်ဘူး" မုန့်ယန်ကပြုံးလိုက်တယ်။

"ဒီတစ်ခေါက် တိုက်ရိုက်ထုတ်လွှင့်တဲ့ပြိုင်ပွဲက အရမ်းဟော့သွားတယ်ကြားတယ်၊ ရေမွှေးစိတ်မဝင်စားတဲ့ ငါ့သူငယ်ချင်းတွေတောင် ဒီပြိုင်ပွဲရဲ့တိုက်ရိုက်ထုတ်လွှင့်ပွဲကိုကြည့်ခဲ့ကြတယ်လေ၊ သူတို့က အရမ်းစိတ်ဝင်စားပြီး ရေမွှေးထုတ်လုပ်တဲ့လုပ်ငန်းစဥ်ကို လေ့လာကြသေးတယ်၊ ဒါပေမဲ့ ငါ တွေးမရဖြစ်နေတုန်းပဲ၊ မင်း ဘာလို့ဒီတစ်ခေါက် ဝင်မပြိုင်တာလဲ၊ မင်း အရင်တစ်ခေါက် နိုင်ငံတကာပြိုင်ပွဲမှာ ပထမနေရာရထားတာလေ"

"တကယ်ဝင်ပြိုင်ချင်စိတ်မရှိတာရော ပြီးတော့ ကိုယ်ဝန်ရှိနေလို့ရောလေ၊ အဲတော့ဝင်ပြိုင်ဖို့ ပိုပြီးတောင် မဖြစ်နိုင်တော့ဘူး"

လုယွင်ကျင်းက မျက်လုံးပြူးသွားပြီး အချိန်တော်တော်ကြာမှ အသိပြန်ကပ်လာတယ်။
"မင်းကိုယ်ဝန်ရနေတာလား!"

"ဟုတ်တယ်" မုန့်ယန်က ဗိုက်ပေါ်လက်တင်ကာ အပြုံးတစ်ပွင့်နဲ့ပြောလိုက်တယ်။
"ငါးလနီးပါးရှိတော့မယ်"

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now