၁၈ ။

6.1K 882 23
                                    

[Unicode]

အပိုင်း ၁၈ ။

စေ့စပ်ပွဲအခမ်းအနား မတိုင်ခင်ယွီကျွင်းချန်က နားနေခန်းထဲ သူ့သူငယ်ချင်းတွေနဲ့ စကားပြောနေတယ်။

"လော့ရှန်းက တကယ် လော့မိသားစုရဲ့ သခင်လေးပီသတာပဲ၊ ဒီမှာပိုက်ဆံရှိရင်တောင် ပါတီလုပ်လို့မရဘူးကြားဖူးတယ်"

"ဒါက မင်းဟိုတယ်ပဲကို၊ မင်းသုံးချင်တဲ့အချိန် သုံးနိုင်တာပဲ၊ မင်း တစ်ကျပ်တောင် သုံးဖို့မလိုဘူး၊ အမိန့်ပေးလိုက်ရုံနဲ့ ချက်ချင်း ပြင်ဆင်ပေးကြမှာ၊ ဟုတ်တယ်မလား ကျွင်းချန်"

"မသိပါဘူး၊ လော့ရှန်းပဲ အကုန်ပြင်ပေးတာ" ယွီကျွင်းချန်က အပြုံးတစ်ခုနဲ့ပြောလိုက်တယ်။ တကယ်တမ်းကျ လော့ရှန်းက ကိုယ်တိုင်ကိုယ်ကျ ဟိုတယ်ရဲ့ မန်နေဂျာချုပ်ဆီသွားပြီး ခဏခဏတောင်းဆိုပြီးမှ သူ့ကိုအပြစ်မပြုချင်လို့ ခွင့်ပြုပေးခဲ့တာဖြစ်တယ်။ ဒါတောင် ပိုက်ဆံက ပေးဖို့လိုတုန်းပဲ။

လော့ရှန်းရဲ့အသုံးစရိတ်အကုန်လုံးက သူ့အဘိုးပေးထားတာဖြစ်တယ်။ သခင်ကြီးချန်းက လော့ရှန်းကို တကယ်အတော်လေးနှစ်သက်ပြီး တခြား အမျိုးတွေမြေးတွေထက် လော့ရှန်းကို ပျိုးထောင်ဖို့ ပိုပြီးစိတ်အားထက်သန်ခဲ့တယ်။ ဟုတ်တာပေါ့၊ ဒါက လော့ရှန်း လော့မိသားစုကို ဆက်ခံပြီးတဲ့နောက် ချန်းမိသားစုအတွက် အကျိုးအမြတ်သယ်လာစေဖို့ပဲဖြစ်တယ်။

"ကျွင်းချန်၊ လော့ရှန်းမိဘတွေ ဒီနေ့လာမှာလား"

"အဓိပ္ပါယ်မရှိတာတွေ! သေချာပေါက်လာမှာပေါ့၊ သားတစ်ယောက်စေ့စပ်တာကို မိဘတွေက ပျက်ကွက်မလား၊ ဟုတ်တယ်မလား ကျွင်းချန်"

ယွီကျွင်းချန်က ပြုံးရုံသာပြုံးပြီး ပြန်မဖြေတော့။ လော့ရှန်းအဖေလာမလာမသိပေမဲ့ လော့ရှန်းအမေကတော့ မလာဘူးဆိုတာ သိတယ်။

"ဒါဆို မုန့်ယန်ရောလာမှာလား၊ မုန့်ယန် လော့ရှန်းအဖေကို လက်ထပ်သွားတာ ငါအံ့သြနေရတုန်းပဲ"

"လော့ရှန်းနဲ့ သူ့အဖေကဆင်လို့နေမှာပေါ့၊ မုန့်ယန်က လော့ရှန်းကိုမရတော့ သူ့အဖေကိုလက်ထပ်ဖို့ဆုံးဖြတ်လိုက်တာနေမှာ"

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now