၄၆ ။

4.6K 481 4
                                    

အမွှေး ရနံ့ကုထုံးbranchကနေ ထွက်လာပြီးတဲ့နောက် မုန့်ယန်နဲ့လော့ရှိုး ကားပေါ်တက်ပြီး လုံလင်းတောင်တန်းရဲ့ ပင်မအိမ်ကို ပြန်ဖို့ ပြင်ကြတယ်။ လော့ရှိုးက မုန့်ယန်ကို ဖက်ထားပြီး နောက်တစ်ကြိမ် ထပ်မေးလိုက်တယ်။
"ကိုယ်ပေါ် ဒဏ်ရာရသွားသေးလား၊ နည်းနည်းလေးနာနေတာရှိရင်တောင် ကိုယ့်ကိုပြောနော်"

"အစပိုင်းပြုတ်ကျသွားတုန်းကပဲ နည်းနည်းနာခဲ့တာပါ၊ ခုမနာတော့ဘူး၊ သူ ကျွန်တော့်ကို မထိုးနိုင်ပါဘူး၊ ဒါကြောင့် ကျွန်တော်ပဲ သူ့ကို ထိုးကြိတ်လိုက်တာ"


"သူကလေးကို ပြဿနာရှာတာ ပထမဆုံးအကြိမ် မဟုတ်ဘူးမလား"
လော့ရှိုးက ထပ်ပြီးမေးလိုက်တယ်။
"ဘာလို့ ကိုယ့်ကို စောစောက မပြောရတာလဲကွာ"

"သူ့အကြီးဆုံးအစ်ကိုက ဦးနဲ့ သူငယ်ချင်းတွေ ဆိုတာမသိဘူးလေ၊ ပြီးတော့ သူကဦးကို သဘောကျနေလို့ ကျွန်တော့်ကို တမင် ပြဿနာရှာနေမှန်းလည်း မသိခဲ့ဘူး၊ အစကထင်ခဲ့တာက ကျွန်တော်တို့ ဆရာနှစ်ယောက်မတည့်တာမို့ ကျွန်တော် သူ့ထက်သာတာကို မနာလိုနေတာပေါ့၊ ကျွန်တော် သူ့ကို ခွေးရူးလို့ပဲ သတ်မှတ်ပြီး သူနဲ့ နီးနီးကပ်ကပ်နေဖို့ကို ပျင်းနေခဲ့တာ၊ သူသာ ဦးကိုသဘောကျလို့ ကျွန်တော့်အပေါ်ဒီလိုဆက်ဆံနေမှန်းသိရင် သေချာပေါက်ပြောခဲ့မှာ"


"သူ ကိုယ့်ကို ကြိုက်နေတာလား"
လော့ရှိုး မျက်မှောင်မကြုတ်ဘဲ မနေနိိုင်တော့ဘူး။

"ဦးမသိဘူးလား" မုန့်ယန်က လော့ရှိုးလက်မောင်းကိုမှီရင်း မော့ကြည့်လာတယ်။

"ကိုယ်သူ့ကို ခဏပဲတွေ့ဖူးတာ၊ တွေ့တိုင်းလည်း တခြားလူတွေ ဘေးမှာရှိတယ်၊ ကိုယ်က သူ့မာနထောင်လွှားပြီး ပိုင်စိုးပိုင်နင်း စရိုက်အကြောင်း နည်းနည်းပဲ ကြားဖူးတာ၊ ပြီးတော့ သူ့ အစ်ကိုအကြီးဆုံး ဖူကျန်းကိုသိတယ်၊ သူ သူ့ညီအကြောင်း ကိုယ်တို့ရှေ့တစ်ခါတစ်လေပြောပေမဲ့ သူ့ညီ ကိုယ့်ကိုကြိုက်နေကြောင်းတော့ မပြောဖူးဘူး"


"ဖြစ်နိုင်တာက ဦးကို ဟိုးအရင်က ခံစားချက်ရှိမရှိစမ်းကြည့်ပေမဲ့ ဦးစိတ်မဝင်စားမှန်းသိလို့ ရှင်းရှင်းလင်းလင်း မပြောတော့တာထင်တယ်"

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now