၂၈ ။

5.5K 739 37
                                    

မုန့်ယန် သူ့ကိုမှတ်မိတယ်ဆိုတာကို မုန့်ယန်အမူအရာကနေ ထိုလူပြောနိုင်သွားတယ်။ သူက မုန့်ယန်ကို နူးညံ့စွာကြည့်ကာ မေးလိုက်တယ်။
"မင်း ထမင်းသွားစားတော့မို့လား၊ ငါနဲ့အတူတူထမင်းလိုက်စားဖို့ ဖိတ်လို့ရမလား"

ဝူဖုန်းနဲ့တခြားသူတွေက အချင်းချင်းကြည့်လိုက်ကြပြီး ဒီလူက ချောတယ်လို့တွေးလိုက်ပေမဲ့ သူတို့အချင်းချင်းမသိဘူး။ သူတို့ကို အကြောင်းရင်းမရှိ ညစာဖိတ်ရတဲ့အကြောင်းရင်းက ဘာကြောင့်များလဲ။

"ဟင့်အင်း၊ ကျွန်တော်တို့ မစားခင် ဈေးဝယ်ထွက်မလို့ ပြီးတော့ စားသောက်ဖို့ ကြိုတင်ဘိုကင်တင်ပြီးပြီ"
မုန့်ယန်က တည်ငြိမ်စွာပဲ ငြင်းဆန်လာတယ်။

ဘရတ်လေက မုန့်ယန်ငြင်းဆိုမှုကြောင့် အင်မတန်အံ့သြသင့်သွားလေတယ်။ သူက မုန့်ယန် ခုလေးတင် သူ့ကိုမှတ်မိတယ်ထင်နေတာ၊ ဒါပေမဲ့ မှတ်မိတယ်ဆိုရင် ဘယ်လိုလုပ် ဖိတ်ကြားချက်ကို ငြင်းနိုင်ရတာလဲ။

"နှုတ်ဆက်ပါတယ်" မုန့်ယန်က ခေါင်းညိတ်ပြပြီး လှည့်ထွက်လာတယ်။

ဘရတ်လေက မုန့်ယန်ငြင်းဆန်မှုကြောင့် အံ့သြနေတုန်းရှိသေး မုန့်ယန်နဲ့သူငယ်ချင်းတွေကတော့ ဖြည်းဖြည်းချင်း ထွက်သွားနေကြပြီ။

ယွီကျွင်းချန် ဘရတ်လေဘေးကဖြတ်သွားတဲ့အချိန် သူနောက်တစ်ခေါက် ထပ်မကြည့်မိဘဲ မနေနိုင်ဘူး။ သူလည်းပဲ ဒီလူက အနည်းငယ်ရင်းနှီးနေတယ်ထင်မိတယ်။

"ခဏနေဦး ငါမှတ်မိပြီ!" ဝူဖုန်းက ရုတ်တရက် အော်လိုက်တယ်။
"သူက အဲလူမလား၊ နာမည်ကဘာပါလိမ့်"

"သူက ဘရတ်လေ လေ နိုင်ငံတကာမှာ နာမည်ကြီး Persevere ရေမွှေးကုမ္ပဏီရဲ့ ဒုဥက္ကဌ ဘရတ်လေ လေ၊ ကမ္ဘာအနှံ့မှာလည်း ဖျော်ဖြေသူနဲ့မော်ဒယ်အဖြစ်နာမည်ကြီးတယ်ဘေ" ချင်းဟုန်ကလည်း တစ်ချက်တည်းနဲ့ ဘယ်သူဆိုတာလဲ သိခဲ့တယ်။

"ဟုတ်သား၊ ဟုတ်သား၊ အဲဒါသူပဲ၊ သူ့ကိုရင်းနှီးနေတယ်ပြောသားပဲ၊ ငါ သူ့ရေမွှေးကြော်ညာကို မြင်ဖူးတယ်၊ တကယ်မိုက်တာ!" ဝူဖုန်းက စိတ်လှုပ်ရှားစွာပြောလိုက်တယ်။
"သူက တကယ်ငါတို့ကိုခုလေးတင် ညစာဖိတ်လိုက်တာလား ! ငါတို့ အကြီးကြီးလွတ်သွားတာလား!"

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now