၃၄ ။

5.5K 684 57
                                    

မုန့်ယန်က ဘရတ်လေကိုလှမ်းထိုးလိုက်ပြီး ဖုန်းကိုပြန်လုဆွဲလိုက်တယ်။ ဖုန်းကျသွားတာမြင်တော့ လော့ရှိုးနံပါတ်ကိုပြန်ဆက်တဲ့အချိန် ဖုန်းက လိုင်းမမိတော့တာမြင်လိုက်ရတယ်။

"ခင်ဗျား ဘာလုပ်လိုက်တာလဲ"
မုန့်ယန်က ဒေါသတကြီး ကြည့်ကာ ဘရတ်လေကို မေးလိုက်တယ်။

"တိုင်မမိဘူးလား" ဘရတ်လေက မျက်နှာကိုပွတ်ပြီးပြောလိုက်တယ်။
"တိုင်မရှိဘူးဆို မုန်တိုင်းလာနေလို့ပဲ၊ မုန်တိုင်းမပြီးခင် တစ်နေ့နဲ့တစ်ညကြာမယ်၊ ပြောရရင်တော့ သန်ဘက်ခါမှ ပြန်လို့ရမယ်၊
ဒါပေမဲ့ မင်းစိတ်ချပါ မုန်တိုင်းက သုံးရက်မကျော်ဘူး၊ ဒါကြောင့် ပြိုင်ပွဲအချိန်လွတ်မှာမဟုတ်ဘူး"

ဘရတ်လေစကားဆုံးချင်း လေပြင်းတွေတိုက်လာပြီး လိုက်ကာတွေပါ လွင့်တက်လာတယ်။ ဒါတွေအကုန်လုံးက အချိန်ကိုက်ဖြစ်နေတဲ့ပုံဟာ ဘရတ်လေထိန်းချုပ်ထားတဲ့အတိုင်းပဲ။

မုန့်ယန် ဒေါသထွက်လွန်းပြီး ကော်လာကိုဆွဲကာ ထပ်ပြီးစထိုးကြိတ်တော့တယ်။

ဘရတ်လေက မုန့်ယန် သူ့အပေါ် ကိုယ်ထိလက်ရောက်ပါမယ်မထင်ခဲ့သလို မုန့်ယန်အားကလည်းဒီလောက်ကောင်းမယ် မထင်ထားဘူး။

ဘရတ်လေလည်း ငယ်ငယ်တည်းက တိုက်ရည်ခိုက်ရည်ရှိခဲ့ဖူးပြီး မုန့်ယန်ထက် အားပိုကြီးပေမဲ့ သူက မုန့်ယန်ကို လက်ပြန်ပါရမှာ တွန့်ဆုတ်နေတဲ့အတွက် စိတ်ဆုံးဖြတ်ကာ မုန့်ယန်ရဲ့လက်သီးချက်တွေကိုသာ ရှောင်ရတော့တယ်။ ဒါပေမဲ့မရှောင်နိုင်တဲ့ အချိန်တွေလည်းရှိတာပေါ့။

ဝူဖုန်း အခန်းထဲဝင်ဝင်ချင်း မုန့်ယန်က ဘရတ်လေကိုထိုးကြိတ်နေတာမြင်လိုက်ရတယ်။ သူ လန့်သွားပြီး မုန့်ယန်ကို အမြန်လှမ်းဖက်ကာ နောက်ကိုဆွဲလိုက်တယ်။

"မုန့်ယန်၊ ရပ်တော့! စိတ်ထိိန်းဦး!" ဝူဖုန်းက မုန့်ယန်ကိုမေးလိုက်တယ်။
"ဘာဖြစ်တာလဲ"

မုန့်ယန်က ဖြည်းဖြည်းချင်း ဝူဖုန်းကိုတွန်းလိုက်ပြီး အသက်ဝဝရှူလိုက်ရင်း ဘရတ်လေကိုကြည့်လိုက်တယ်။
"ထွက်သွားတော့!"

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now