၇၂ ။

2.7K 274 1
                                    

မုန့်ယန်တစ်ယောက် စာသင်ယူပြီး ကလေးကိုပြုစုစောင့်ရှောက်ရင်း တစ်ဖန် အလုပ်ပြန်ရှုပ်လာတော့တယ်။


ကျောင်းနဲ့ ဌာနခွဲက ကျောင်းသားတွေကို နွေရာသီအားလပ်ရက်မှာ ချွီယောင်စီရင်စုဆီ သွားခိုင်းဖို့စီစဥ်ထားတယ်။ သူ ပြိုင်ပွဲရဲ့လေ့ကျင့်ရေးအစီအစဥ်မှာ မပါဝင်တာအရေးမကြီးပေမဲ့ ဝယ်ဖို့လိုအပ်တဲ့ အရေးကြီးအမွှေးအကြိုင်တွေရှိတာမို့ ဌာနခွဲကမုန့်ယန်သေချာပေါက်သွားဖို့ မျှော်လင့်နေကြတယ်။

မုန့်ယန် သဘောတူလိုက်တယ်။ ဒီအချိန်က ဆက်ပြီးအချိန်မဆွဲတော့ဘဲ သူ့စိတ်ထဲကအကြောက်တရားကို ရင်ဆိုင်ရမဲ့အချိန်မို့ပဲ။ အခု အကြောက်တရားကိုရင်ဆိုင်ဖို့ သူ သတ္တိအလုံအလောက်ရှိပြီလို့ခံစားနေရတယ်။ သူ့နှလုံးသားထဲ အကြောက်အလန့်မရှိတော့ဘူး။

ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှ မုန့်ယန် ချွီယောင်စီရင်စုဆီသွားရမယ်လို့စဥ်းစားမိတိုင်း
အတွေးပျံ့ပြီး အားအင်တက်ကြွမှုမရှိတော့သလိုပဲ။ သူ အိပ်မက်ဆိုးတွေ ထပ်မမက်တော့ပေမဲ့ နှလုံးသားထဲရှင်းပြမရတဲ့ ထိတ်လန့်ချောက်ခြားမှုမျိုး ရှိနေတုန်းပဲ။

လော့ရှိုး ပန်းအခန်းထဲလျှောက်လာတော့ မုန့်ယန်က ငေးငိုင်ရင်း ဆိုဖာပေါ်ထိုင်နေတာ မြင်လိုက်ရတယ်။ သူ လျှောက်လာပြီး ထိုင်ချတော့မဲ့ဆဲဆဲ မုန့်ယန်မျက်နှာပေါ်က မျက်ရည်တွေကို မြင်လိုက်ရချိန် နှလုံးသားထဲ ထိတ်လန့်သွားပြီး အလျင်အမြန် ရရှေ့တိုးလာခဲ့တယ်။

"ဘာဖြစ်လို့လဲ၊ တစ်ခုခုဖြစ်ထားတာလား"
လော့ရှိုးက မုန့်ယန်ကို ဖက်ကာ မေးလိုက်တယ်။ သူ့မေးစေ့ကို ပင့်တင်ပြီး မျက်နှာလေးကို ဂရုတစိုက် ကြည့်လိုက်တယ်။


"ဦးပြန်ရောက်ပြီလား" မုန့်ယန်က သတိပြန်ဝင်ပြီး မေးလာတယ်။
"အခုဘယ်ချိန်လဲ"

"ကိုယ်နေ့လယ်က ပြန်ရောက်တာလေ၊ ကိုယ်တို့နေ့လယ်စာစားပြီးတော့ အလုပ်လုပ်ဖို့ စာကြည့်ခန်းထဲ ဝင်သွားတာလေ၊ ကလေးမေ့သွားတာလား"

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now