၅၉ ။

3.9K 437 5
                                    

မုန့်ယန်နဲ့ လော့ရှိုးတို့ရဲ့ ပထမဆုံး ကလေးက မွေးဖွားလာခဲ့တယ်။ သူက မုန့်ယန်ကို နာကျင်မှုအများကြီးမပေးဘဲ လျင်လျင်မြန်မြန်ပဲ လောကထဲရောက်ရှိလာခဲ့တာ။ ဒီကလေးက တကယ်ဂရုစိုက်တတ်ပြီး သူကိုယ်ဝန်ရှိချိန်ကနေ မွေးဖွားလာချိန်ထိ သိပ်ပြီးမခံစားစေခဲ့ဘူး။


"ကလေးလေး" မုန့်ယန်က သတိတကြီးနဲ့ အင်္ကျီသစ်သစ်လွင်လွင် ဝတ်စားဆင်ယင်ထားတဲ့ ကလေးကို အပြုံးတစ်ပွင့်နဲ့ ပြောလိုက်တယ်။
"ဒီနေ့တစ်လပြည့်နော်၊ ပျော်ရဲ့လား၊ ရှောင်ကျွင်းယယ်"

သူတို့ကလေးမွေးပြီးတဲ့နောက် မုန့်ယန် ပထမဆုံးအကြိမ်အနေနဲ့ လော့ရှိုးမျက်ရည်တွေကိုမြင်ခဲ့ရတယ်။ လော့ရှိုးမျက်ရည်တွေက အင်မတန်မြတ်နိုးပြီး စိတ်လှုပ်ရှားလို့ဆို​တာသးသိတာပေါ့။ အဲအချိန်တုန်းက သူ့နှလုံးသားမှာ စိတ်ကူးယဥ်မှုအပြည့်နဲ့ပဲ။

မုန့်ယန် သူ့ကလေးလေးဆီက​နေ အကြည့်တစ်ချက်တောင် မလွှဲနိုင်ဖြစ်နေတယ်။ သူ့ကလေးက မျက်ဝန်းရွဲကြီးတွေနဲ့ သူ့ကိုကြည့်လာတိုင်း ဒီကလေးလေးအတွက် ဘာမဆိုလုပ်ပေးချင်စိတ်ဖြစ်ပေါ်လာတယ်။


လော့ရှိုး အခန်းဆီလျှောက်လာပြီး မုန့်ယန်ကိုအနောက်ကနေလှမ်းဖက်လိုက်တယ်။  သူ ကလေးကိုကြည့်ပြီး မေးလိုက်တယ်။
"ကလေးအဆင်သင့်ဖြစ်ပြီလား"

"အွန်း၊ အဆင်သင့်ဖြစ်ပြီ"
မုန့်ယန်က အပြုံးတစ်ပွင့်နဲ့​ဖြေလိုက်တယ်။


လော့ရှိုး သူ့သားလေးရဲ့ နူးညံ့တဲ့မျက်နှာကို လက်ချောင်းတွေနဲ့ ညင်ညင်သာသာထိတွေ့လိုက်တယ်။

"သွားကြရအောင်"
လော့ရှိုးက မုန့်ယန်ကိုခေါင်းငုံ့ငမ်းကာ ဖက်ပြီးတော့ထွက်လာခဲ့တယ်။

ဒီနေ့က လော့ရှိုးနဲ့မုန့်ယန်ရဲ့ အကြီးဆုံးသား လော့ကျွင်းယယ်ရဲ့ တစ်လပြည့်အခမ်းအနားဖြစ်တယ်။ သူတို့ကိုဂုဏ်ပြုဖို့လာရောက်ကြတဲ့ဧည့်သည်တွေက သူ မုန့်ယန်နဲ့လက်ထပ်တဲ့နေ့ကထက်ကိုမနည်းဘူး။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now