၆၈ ။

2.4K 292 1
                                    

မုန့်ယန်က ကေ့အကြောင်းရယ်၊ သူ့မိဘတွေနဲ့ ဖရန်ဆန်မိသားစု​ကြားက ရန်ငြိုးတွေအကြောင်းရယ်ကို သိပြီးပြီ။ ဒါပေမဲ့ ဖရန်ဆန့်တောင်းဆိုချက်ကို သဘောတူရမလားကို ဝေခွဲမရတုံ့ဆိုင်းနေတုန်းပဲ။


ဒီနေ့မုန့်ယန် ကေ့ကို ရနံ့ကုထုံးသွားပေးတဲ့အချိန် အခန်းကျယ်တံခါးရှေ့ ဆယ့်ဆီကို တွေ့လေတယ်။

"ဆယ်ဆီ"
မုန့်ယန် လှမ်းခေါ်လိုက်တယ်။

"မုန့်ယန်"
ဆယ်ဆီလည်း မုန့်ယန်ကိုမြင်လိုက်ရတာ အံ့သြသွားတယ်။ မုန့်ယန်ကိုကြည့်ရင်း သူကမေးခွန်းထုတ်လိုက်တယ်။

"မင်းဘာလို့ဒီကိုရောက်နေတာလဲ"

"ငါ ကေ့ကိုရနံ့ကုထုံးလုပ်ပေးဖို့ လာတာ၊ မင်းသူ့ကိုလာတွေ့တာလား"

ဆယ်ဆီကခေါင်းညိတ်ပြလိုက်တယ်။
"သူက ငါ့သူငယ်ချင်းလေ၊ သူဘယ်လိုနေလဲ သိရအောင် ဆေးရုံမှာ ကြိုတင်ရက်ချိန်းလုပ်ခဲ့တာ"

နှစ်ယောက်သား တူတူအထဲဝင်လာကြတယ်။ ဆယ်ဆီက မှန်တံခါးအပြင်ဘက် လမ်းလျှောက်သွားပြီး ကေ့ကို တစ်ခဏကြည့်ကာ မေးလိုက်တယ်။
"သူ့ကိုနှိုးဖို့အတွက် ဘယ်လောက်ကြာမလဲ"

"ဒါကမသေချာဘူး၊ ငါတို့သူ့ကိုနှိုးဖို့ အကောင်းဆုံးကြိုးစားထားပေမဲ့ အရေးကြီးဆုံးက သူနိုးချင်ပါ့မလားဆိုတာပဲ၊ မင်းငါ့ကို သူနဲ့ပတ်သတ်ပြီး ပြောပြလို့ရမလား၊ သူ့မိဘနဲ့ဆက်ဆံရေးရယ်၊ ဖရန်ဆန်နဲ့ဆက်ဆံရေးရယ်နဲ့ပတ်သတ်ပြီး မင်းသိထားသမျှ ငါ့ကို ပြောပြပေးဖို့မျှော်လင့်တယ်"

ဆယ့်ဆီကို ဆိုဖာပေါ်ထိုင်ခိုင်းပြီး မုန့်ယန်က လက်ထောက်ကို သူတို့နှစ်ယောက်အတွက် လက်ဖက်ရည် ငှဲ့ခိုင်းလိုက်တယ်။ မုန့်ယန် ကေနဲ့ပတ်သတ်ပြီးသိထားရတာတွေက ကေ့မိဘတွေနဲ့ ဖရန်ဆန်တို့ ကိုယ်စီ ပြောထားကြတာတွေဖြစ်တယ်။ ဒါပေမဲ့ သူတို့မှာသေချာပေါက် သူတို့ကိုယ်ပိုင်ခံစားချက်တွေရှိနေမှာ။ ဆယ်ဆီ့ သူငယ်ချင်းရဲ့ အမြင်ဘက်ကနေ တခြားကိစ္စတွေကို သူနားလည်ချင်တာဖြစ်တယ်။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now