၄၅ ။

4.4K 520 14
                                    

"ဘာလို့ စကားနည်းနည်းပဲ ပြောရမှာလဲ!"

မုန့်ယန်က သူ့ဒေါသကိုမထိန်းနိုင်​တော့ဘဲ ကျယ်လောင်စွာ​ပြောလိုက်တယ်။
"ဒုဥက္ကဌ သူတို့ကိုမေးကြည့်ပါ၊ ဖူယွီချန်းက ကျွန်တော့်ကို ပြဿနာရှာနေတာ ခဏခဏပဲ၊ ကျွန်တော်သည်းခံပြီး သူ့ကိုလျစ်လျူရှုပေးခဲ့တယ်၊ အခု သူက ကျွန်တော့်ကိုတိုက်ရိုက်ကြီး လာပြဿနာရှာနေတာလေ၊ သူရိုက်နှက်ဆူပူတာကို ကျွန်တော်က ငြိမ်ခံနေရဦးမှာလား! ဒီလိုပညာရှင်တွေက ပညာရှင်အစစ်တွေမဟုတ်ဘူး၊ ဒီလူတွေက တကယ်တော့ ကိုယ်ကျင့်တရား၊ စရိုက်၊ စွမ်းဆောင်ရည်နဲ့ အရည်အချင်းမရှိတဲ့သူတွေပဲ၊ ဒါပေမဲ့ သူတို့အသက်ကြီးတာ၊ ဒီနယ်ပယ်ထဲ နေလာတာကြာတာနဲ့ ရှေးဟောင်းစာအုပ်တစ်ချို့ကို အလွတ်ကျက်မှတ်ထားတာပေါ် မှီခိုပြီး အတော်လေး မာနထောင်လွှားနေကြတာ! ကျွန်တော့်ရဲ့ ဥာဏ်ကြီးရှင်ဆိုတဲ့ ဂုဏ်ပုဒ်က ဖြောင့်ဖြောင့်မတ်မတ်နဲ့ ပြိုင်ပွဲတွေနိုင်ပြီးတဲ့နောက် ရခဲ့တာ! တကယ်လို့ခင်ဗျားတို့မှာ အစွမ်းအစရှိရင် ခင်ဗျားတို့လည်း နိုင်ငံတကာ ပြိုင်ပွဲတွေ ဝင်ပြိုင်၊ ပြီးရင် တစ်ပွဲလောက် အနိုင်ရအောင်လုပ်ပြီး ဥာဏ်ကြီးရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ကျွန်တော်တို့ဆီ ပြလေ!"


"မင်း..." မုန့်ယန် ကြိမ်းမောင်းလိုက်တဲ့ ပညာရှင်ခမျာ သွေးတွေပါတိုးပြီး ဒေါသထွက်သွားလွန်းလို့ စကားတောင်မပြောနိုင်ရှာတော့ဘူး။

"မုန့်ယန်၊ မင်းပြောတာ လုံလောက်ပြီလား"
ဒုဥက္ကဌက အသံခပ်တိုးတိုးဆိုကာ မုန့်ယန် ဆက်မပြောသင့်တော့ကြောင်း အကြံပေးလိုက်တယ်။

"ကျွန်တော်ပြောတာ မလုံလောက်သေးဘူး! ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်အစည်းအရုံးခေါင်းဆောင်ဆီသွားပြီး ဆုံးဖြတ်ခိုင်းမယ်၊ ခင်ဗျားတို့ရဲ့ မြင့်မြတ်တဲ့နေရာမှာ မနေရလည်း ပြဿနာကြီးကြီးမားမားမရှိဘူး၊ ကျွန်တော် ဒီနေ့ ဒီကြောင်သူတော်တွေအကုန်လုံးရဲ့ မျက်နှာဖုံးကို ခွာချပစ်မယ်"
မုန့်ယန်က အေးတိအေးစက်ဆိုလိုက်တယ်။

"ငါတို့လည်း မင်းနဲ့အတူသွားမယ်၊ ခေါင်းဆောင်ကိုပဲ တိုက်ရိုက်ရှာပစ်မယ်!" ဝူဖုန်းက ကျယ်လောင်စွာဆိုလိုက်တယ်။
"ဘာပဲဖြစ်ဖြစ် ငါတို့တွေ ဒီလိုမျိုး စုတ်ပြတ်နေတဲ့  အရန်အဖွဲ့ဝင်တွေ ဖြစ်မနေသင့်တော့ဘူး၊ ဒီခေတ်ကဘယ်ခေတ်လဲ၊ အဆင့်တွေ မတူတာနဲ့ အချိန်ပိုကြာကြာနေလာတဲ့သူတွေဆိုပြီး လူတွေကို လူလိုတောင် မဆက်ဆံကြတော့ဘူး"

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now