၈၇ ။

3.2K 274 3
                                    

အပိုင်းပို ၁ ။ စည်းကမ်းတင်းကြပ်သော ဖခင်နှင့် အကြင်နာပိုသော မိခင်

အသက် ၇နှစ်အရွယ် လော့ကျွင်းယယ်တစ်ယောက် လော့ရှိုး စာကြည့်ခန်းထဲ မတ်တပ်ရပ်ကာ သွန်သင်ဆုံးမခံနေရတယ်။ လော့ရှိုးက သူ့ကလေးတွေအပေါ် အင်မတန်စည်းကမ်းတင်းကြပ်တယ်။ ကလေးကို ဝေဖန်ပြီး အပြစ်ပေးတဲ့အချိန် ဘယ်တော့မှ ကလေးကငယ်သေးလို့ဆိုပြီး စိတ်မပျော့ဘူး။ ဒါပေမဲ့ ကလေးက လိမ္မာရင်လည်း သူ ချီးကျူးမှာပဲ။

ကလေးတစ်ယောက် ငယ်ရွယ်တဲ့အချိန် အမှန်တရားကို နားမလည်သေးတာမို့  သိပ်ပြီး စည်းကမ်းမတင်းကြပ်သင့်ဘူးလို့ တွေးကြတဲ့လူတစ်ချို့ကဆော့အမြဲရှိတယ်။

မှားယွင်းတဲ့ အပြုအမူတွေကို ကလေး  အရွယ်တစ်ရွယ်ရောက်တဲ့အချိန်မှ ထိန်းချုပ်ချင်ရင် ကလေးက ကလန်ကဆန်လုပ်လွန်းပြီး လုံးဝထိန်းချုပ်မရကြောင်းပဲ သိလိုက်ရလိမ့်မယ်။


ကလေးတစ်ယောက်ရဲ့ အနာဂတ်ဘဝကို ဖျက်ဆီးဖို့အလွယ်ဆုံးနည်းလမ်းကတော့ လွတ်လပ်ပျော်ရွှင်လွန်းစွာ ကြီးပြင်းခွင့်ပေးတာပဲ။

    
လော့ရှိုး အင်မတန်အလုပ်များနေပေမဲ့ ကလေးတွေရဲ့ပညာရေးမှာလည်း မပေါ့ဆဘူး။ သူက ကလေးတွေကို ကိုယ်တိုင်စည်းကမ်းထိန်းသိမ်းမှု၊ လောကကြီးထဲ ပြုမူသင့်တဲ့ မှန်မှန်ကန်ကန်အပြုအမူတို့နဲ့ ပတ်သတ်ပြီး သင်ယူစေချင်တယ်။ အနှောင့်အယှက်နဲ့ကြုံတဲ့အခါ သူတို့ကို လုံလောက်တဲ့ ဇွဲလုံ့လရှိဖို့ စိတ်နေစိတ်ထား ထားတတ်အောင် သင်ပေးပြီး ကြုံရတဲ့ ပြဿနာတွေကိုဖြေရှင်းတတ်အောင် နည်းလမ်းရှာဖို့ လမ်းညွှန်ပေးတယ်။


"... ဉာဏ်ကောင်းမှုနည်းနည်းလေးက ဘယ်တော့မှ အသိဉာဏ်ပညာရှုမြင်တွေးခေါ်မှုလောက် ထူးကဲမှာမဟုတ်ဘူး၊ မင်းငယ်ငယ်တည်းက ဒီလို အရေးမပါတဲ့ လှည့်ကွက်တွေ သုံးတတ်တဲ့ အကျင့်ရသွားရင် မင်းအမြင့်ရောက်လေလေ ပြန်ပြုတ်ကျချိန် ပိုပြီး မရှုနိုင်မကယ်နိုင်ဖြစ်လေပဲ"

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now