၈၀ ။

2.6K 262 0
                                    

မုန့်ယန်တို့အုပ်စု ဘေးလမ်းဆီလျှောက်လာကြပြီး လုံဖုန်းတောကောင်သားစားသောက်ဆိုင်ထဲ ဝင်လာခဲ့ကြတယ်။ အစားအသောက်စောင့်ရမဲ့ အချိန်ကရှိသေးတာမို့ လျှောက်ပြီးလည်ပတ်ဈေးဝယ်ထွက်ချင်သူတွေကို မုန့်ယန်က သွားခိုင်းလိုက်ပြီး နားချင်ရင် အထဲဝင်လာကာ သူနဲ့အတူလိုက်လာရင်း ထိုင်စောင့်ဖို့ပြောလိုက်တယ်။


သူတို့တွေ သီးသန့်အခန်း မယူခဲ့တာမို့ ပထမထပ်က နားနေခန်းရဲ့ အစွန်းမှာရှိတဲ့ စားပွဲဝိုင်းကြီးနှစ်ခုမှာ ထိုင်ချလိုက်တယ်။

ဝိတ်တာလေးက အစားအသောက် မှာလို့ရအောင် သူတို့ဆီ မီနူးကဒ်ယူလာပေးတယ်။ မုန့်ယန်က မီနူးကို ဖွင့်မကြည့်ဘဲ ပြောလိုက်တယ်။
"ငါတို့အော်ဒါတွေ မင်းမန်နေဂျာကို လာပြီး ကူမှတ်ခိုင်းလိုက်ပါ"‌

ဝိတ်တာလေးက လူ့အသိုင်းအဝိုင်း အထက်တန်းလွှာက လူတိုင်းနဲ့မကြုံဖူးရင်တောင် မုန့်ယန်ရဲ့ အရှိန်အဝါနဲ့ သူ့နောက်မှာရပ်နေတဲ့ သက်တော်စောင့်ကြောင့် သာမန်လူမဟုတ်ဘူးဆိုတာ ပြောနိုင်တယ်။ ဒါကြောင့် သူများများစားစားမပြောဘဲ မန်နေဂျာကို ခေါ်ပေးဖို့ လှည့်ထွက်သွားခဲ့တယ်။

ဝူးနာ့ထျန်က နောက်ဖေးမီးဖိုချောင်ထဲက သိုလှောင်ရုံကို စစ်ဆေးနေတာဖြစ်တယ်။ ဝိတ်တာလေးက အလျင်အမြန်ဝင်လာပြီး သူ့ကို အစားအသောက် အော်ဒါတင်တာမှတ်ခိုင်းနေတဲ့ ဖောက်သည်ရှိတယ်လို့ လာပြောလေတယ်။ သူခေါင်းညိတ်ပြီး သိုလှောင်ရုံမှတ်စုစာအုပ်ကိုယူပြီး ထွက်လာခဲ့တယ်။

မုန့်ယန်က မီနူးကိုကြည့်နေရင်း မျက်ဝန်းထောင့်ကနေ ဝူးနာ့ထျန်ထွက်လာတာမြင်တော့ မော့ကြည့်လိုက်တယ်။
"မင်းက ဒီက မန်နေဂျာလား"

ဝူးနာ့ထျန်က မုန့်ယန်မျက်နှာကိုမြင်ချိန် တစ်ကိုယ်လုံး ချက်ချင်းတောင့်တင်းသွားကာ ဝိဉာဉ်တစ်ကောင်ကို မြင်လိုက်ရသလိုမျိုး ထိတ်လန့်နေတဲ့ အမူအရာပေါ်လာခဲ့တယ်။ သူက အရပ်ရှည်ရှည်သန်သန်မာမာလူတစ်ယောက်ဖြစ်တာမို့ သူ့အမူအရာက အနည်းငယ်ရယ်ချင်စရာကောင်းနေတယ်။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now