၇၇ ။

2.3K 262 4
                                    

နောက်ဆုံးစာမေးပွဲက ပြီးဆုံးသွားခဲ့ပြီ။ မုန့်ယန်နဲ့ တခြားသူတွေ ရက်အနည်းငယ်လောက် အနားယူပြီးမှ ချွီယောင်စီရင်စုဆီ သွားဖို့ စီစဉ်လိုက်ကြတယ်။


လော့ရှိုးနဲ့ သူငယ်ချင်းတွေက မြင်းပြိုင်ကွင်းမှာ မြင်းစီးဖို့ ချိန်းထားကြတယ်။ မုန့်ယန် စာမေးပွဲလည်းပြီးသွားတာနဲ့ကြုံတာမို့ လော့ရှိုးက အတူတူအပန်းဖြေဖို့ တစ်ခါတည်း ခေါ်သွားလိုက်တယ်။ မုန့်ယန် မြင်းမစီးဖြစ်တာ ကြာပြီမို့ လော့ရှိုးက သူ့ကို မြင်းပြိုင်ကွင်းခေါ်သွားမယ်ပြောလာချိန် ပျော်ရွှင်စွာ သဘောတူခဲ့တယ်။

အလည်အပတ်ကားသုံးစီး ဘေးက ဖြတ်သွားတော့မဲ့ဆဲဆဲ ချောမောတဲ့ မျက်နှာနဲ့ လူငယ်တစ်ယောက်က အဝေးမှာ မြင်းစီးနေတဲ့ မုန့်ယန်ကို ကားပေါ်ကနေ လှမ်းမြင်သွားတယ်။ သူက  ချက်ချင်း ကျယ်လောင်စွာ ပြောလေတယ်။
"ရပ်ဦး၊ ရပ်ဦး!"

"ဘာဖြစ်တာလဲ"  ကျောက်တျဲ့ဟောက်က မသင်္ကာစွာ မေးလိုက်တယ်။

"အဲမှာ ရွှေရောင်မြင်းတစ်ကောင်၊ အရမ်းလှတာပဲ!"
ကျောက်ယီက သူ့လည်ပင်းကိုဆန့်တန်းပြီး အဲနေရာကိုလှမ်းကြည့်တယ်။ သူ မြင်မြင်ချင်းတင် အဲကိုမြင်း သဘောကျသွားခဲ့တယ်။ ကြည့်နေရုံနဲ့တင် သေချာပေါက် ဈေးမပေါဘူးဆိုတာသိတယ်။ သူ့အဖေက သူ့အတွက် သေချာပေါက် ဝယ်ပေးမှာမဟုတ်မှနခးသိပေမဲ့ နည်းနည်းလေးပိုပြီးကြည့်ရလည်း မဆိုးဘူး။

"အဲဒါ လော့အုပ်စုရဲ့ ဥက္ကဌ ဒါရိုက်တာလော့မလား"
အနောက်ကကားထဲက သက်လတ်ပိုင်းလူကြီးတစ်ယောက်က ပြောလေတယ်။
    

"ဘယ်မှာလဲ"

"‌ရွှေရောင်ဖျော့မြင်းကို ရှေ့ကနေ ဆွဲပေးနေတဲ့တစ်ယောက်လေ"

"အမလေး တကယ်ပဲ! မြင်းကုန်းနှီးပေါ် ထိုင်နေတဲ့သူကရော ဘယ်သူများပါလိမ့်၊ ဒါရိုက်‌တာလော့ကိုကိုယ်တိုင် မြင်းဆွဲခိုင်းရဲတဲ့အထိပေါ့!"

"မင်း မဟုတ်ကဟုတ်ကတွေ ပြောနေတာမဟုတ်ဘူးလား၊ အဲသူက လော့လုပ်ငန်းစုရဲ့ မင်းသားလေးကို မွေးပေးထားတဲ့သူပဲ ဖြစ်မှာပေါ့၊ သူကလွဲပြီး ဘယ်သူကများ ဒါရိုက်တာလော့ကို မြင်းကိုတွဲခေါ်ခိုင်းနိုင်မှာလဲ"

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now