၄၃ ။

4.6K 501 8
                                    

မုန့်ယန်လက်ကိုဆွဲကာ လော့ရှိုးသီးသန့်ခန်းထဲ ဝင်လာခဲ့တယ်။ လော့ရှိုးနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ချို့လည်းရောက်နေကာ သူတို့ကိုစောင့်နေကြတယ်။



လော့ရှိုးနဲ့မုန့်ယန် တို့ဝင်လာတာမြင်တော့ သူငယ်ချင်းတွေနဲ့စကားပြောနေတဲ့လီယန်လည်း အလျင်အမြန်လှမ်းလာပြီး သူတို့ကိုနွေးနွေးထွေးထွေး ကြိုဆိုကာ ထိုင်ဖို့ပြောလိုက်တယ်။


"ဒီနေ့ ငါ အချင်းချင်းရင်းနှီးတဲ့အကုန်လုံးကို ဖိတ်လိုက်တာပါ!" လီယန်က စိတ်လှုပ်ရှားစွာ​ ပြောလိုက်တယ်။
"ငါ့ရဲ့ ရှောင်ဆောင့်ဇီအကြောင်း ကောင်းကောင်း ကြော်ညာပေးရမှာပေါ့၊ ဒီနှစ်တွေမှာ ငါ ဆေးတစ်လုံးနှစ်လုံးကနေ သောက်လာရတာ လက်တစ်ဆုပ်အပြည့်ထိဖြစ်ခဲ့တာ၊ ပြဿနာက ပိုပြီးပြင်းထန်လာတယ်၊ အကြာကြီးကုသပြီးတာတောင် ဘာသက်ရောက်မှုမှမမြင်ခဲ့ရပေမဲ့ အခု နှစ်လကျော်ပဲရှိသေးတယ်၊ ငါ ငါးနာရီတိတိ အိပ်ပျော်နေပြီ!"


လီယန်က ပြောရင်း ပိုစိတ်လှုပ်ရှယးလာတယ်။ သူစိတ်လှုပ်ရှားစွာနဲ့ မုန့်ယန်လက်ကို ကိုင်ဖို့ လက်ဆန့်တန်းမိလိုက်တယ်။ ဒါပေမဲ့ လမ်းခုလတ်ရောက်တော့ သူရပ်သွားပြီး လော့ရှိုးလက်ကို ဆွဲယမ်းလိုက်လေတယ်။ ဒီနောက်မုန့်ယန်ကိုကြည့်ပြီး စိတ်လှုပ်ရှားစွာနဲ့ပြောလိုက်တယ်။
"

တကယ် ကျေးဇူးအများကြီးတင်ပါတယ်! ငါ ညဘက်ကောင်းကောင်း မအိပ်ခဲ့ရတာ နှစ်ချီကြာနေခဲ့ပြီ၊ မင်းကျေးဇူးကြောင့် ငါနောက်ဆုံးတော့ တကယ် ကောင်းကောင်းမွန်မွန် ပြန်အိပ်နိုင်ခဲ့ပြီ!"

လော့ရှိုး သူ့လက်ကို အတင်းဆွဲထုတ်လိုက်ရပြီး သူ့ကိုကြည့်လိုက်တယ်။
"ထိုင်ပြီးစကားပြော၊ ငါတို့ထွက်ပြေးမှာမှမဟုတ်တာ"

တခြားသူငယ်ချင်းတွေလည်း လီယန် မျက်ရည်ကျလုနီးပါးဖြစ်နေတာ မြင်လိုက်ရတယ်။ ဒါက တကယ့်ကို သူ့မူလပုံစံနဲ့ တခြားစီဖြစ်နေတာမို့ သူတို့အကုန်လုံး တိုက်တွန်းလိုက်ရတယ်။

"အိုကေ၊ အိုကေ၊ စိတ်ငြိမ်ငြိမ်ထားစမ်းပါကွာ၊ လူတွေကိုမခြောက်နဲ့"

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now