၃ ။

8.4K 1.2K 30
                                    

[Zawgyi]

သူငယ်ချင်းတွေက နှစ်ယောက်သားမွေးနေ့ကို တက်ရောက်ဖို့ ရောက်လာတဲ့အချိန် သူတို့အကုန်လုံးက မုန့်ယန်နဲ့ ယွီကျွင်းချန်ကို နှုတ်ဆက်ပြီး လက်ဆောင်တွေပေးကြတယ်။

"ဟက်ပီးဘက်ဒေး"

"ဟက်ပီးဘက်ဒေး ဒီမှာမင်းတို့အတွက် လက်ဆောင် ကြိုက်မယ်လို့ထင်တယ်"

"ကျေးဇူးကွာ"
မုန့်ယန်နှင့် ယွီကျွင်းချန်က ပြုံးရင်း သူတို့အားလုံးကို ကျေးဇူးတင်ပြီး လက်ဆောင်တွေကိုလက်ခံရင်း စုပုံထားလိုက်ကြတယ်။

"မင်းတို့ မွေးနေ့တူတူကျင်းပတာ အရမ်းကောင်းတာပဲ"

"ဟုတ်တယ် ငါ့အစ်ကိုနဲ့ငါ့ဆက်ဆံရေး ကောင်းတာမဟုတ်ဘူး "

"ငါ့ကို လိုက်လျောပြီး မွေးနေ့တူတူကျင်းပပေးချင်တာ မုန့်ယန်လေ"
ယွီကျွင်းချန်က အပြုံးတစ်ခုနဲ့ ဆိုလေတယ်။

"ခံစားချက်တွေက အပြန်အလှန်ပဲ မင်းငါ့ကိုသိပါတယ် တခြားသူတွေ ငါ့အပေါ်ကောင်းကောင်းဆက်ဆံရင် ငါက၂ဆပြန်ကောင်းပေးတယ် ကျွင်းချန်က တခြားသူတွေငါ့ကို ထားသွားရင်တောင် ငါ့နောက်ကနေ ခိုင်ခိုင်မာမာ ရပ်တည်ပေးမယ်လို့ ပြောနေကျပဲ ငါ့ကိုဘယ်တော့မှ သစ္စာဖောက်မဲ့အရာ မလုပ်ဘူးတဲ့ သူထပ်ခါထပ်ခါ ကတိပေးတာတွေအတွက် ငါကလည်း သူ့အပေါ်ကောင်းပေးရမှာပေါ့"

ယွီကျွင်းချန်က ပြုံးနေပေမဲ့ သူ့အပြုံးက နည်းနည်းလေး တွန့်ဆုတ်နေပြီး နှလုံးသားက အပြစ်ရှိစိတ်အပြည့်ဖြစ်နေတယ်။

မုန့်ယန်အမေက သူ့အဖေနဲ့ကွာရှင်းပြီး သိပ်မကြာခင်မှာပဲ သေသွားခဲ့တယ်။ သူ့အဖေက ယွီကျွင်းချန်ရဲ့ အမေကို နည်းနည်းကြာတော့ လက်ထပ်ခဲ့တယ်။သူ့ဘဝက ဆယ်နှစ်မတိုင်ခင် အရမ်းကြမ်းတမ်းခဲ့ပေမဲ့ မုန့်မိသားစုဆီ ရောက်လာပြီးနောက်မှာ သူအရင်က ဘယ်တော့မှ အိပ်မက်မမက်နိုင်တဲ့ ဘဝမျိုးမှာ နေထိုင်ခဲ့ရတယ်။ သူ့အမေက သူ့ကို ဒီလိုမျိုး အမြဲနေချင်ရင် မုန့်ယန်ကို စိတ်ကျေနပ်အောင်ပြုလပ်ရမယ်လို့ ပြောခဲ့ဖူးတယ်။

မုန့်ယန်အမေက သန်မာတဲ့အမျိုးသမီးဖြစ်ပေမဲ့ မုန့်ယန်အဖေကတော့ ဝန်ထုတ်ဝန်ပိုးပဲ။ မုန့်ယန်အမေက သူမအလုပ်နဲ့ အလုပ်ရှုပ်နေပေမဲ့ တကယ်တော့ သူ့အဖေက အမြဲ အချစ်ဦးနဲ့ အဆက်အသွယ်ရှိနေတုန်းပဲဆိုတာ အရမ်းကို သတိပြုမိခဲ့ပြီးသားပဲ။ သူမက မုန့်ယန်ကို မိသားစုစုံစုံလင်လင်ဖြစ်စေချင်လို့ မသိချင်ယောင်ဆောင်ဖို့ ရွေးချယ်ခဲ့တယ်။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now