၁ ။

19.9K 1.3K 55
                                    

[Unicode]

မုန့်ယန် ခေါင်းထဲ အတော်လေးနာကျင်ကိုက်ခဲနေတယ်။ လေပြင်းနဲ့ ခန္ဓာကိုယ်ပေါ်က မိုးရေကြောင့်လည်း ချမ်းစိမ့်စိမ့်ဖြစ်နေလေရဲ့။

မိုးရွာနေတာလား။ မုန့်ယန် အံသြမိသွားတယ်။ မိုးရေက ဘယ်လိုလုပ် သူ့ပေါ်ကျတာလဲ။ သူက ဂူထဲ ရှိနေသင့်တာ မဟုတ်ဘူးလား။

အသက်ပြင်းပြင်းရှူပြီးနောက်မှာ သူ ဂူထဲ ရောက်နေတာလည်း မဟုတ်သလို ချောက်ကမ်းပါးအောက်က တောနက်ကြီးထဲမှာတောင် မဟုတ်တာ အလျင်အမြန် ဆုံးဖြတ်နိုင်သွားတယ်။

"ဟေး မင်းအဆင်ပြေရဲ့လား"

"သူ့ကိုကြည့်ပါဦး သတိလစ်နေတာထင်တယ်"

"ဒီကောင်လေးက လမ်းလယ်ခေါင်မှာ ဘာလို့လှဲနေတာလဲ"

"အရက်မူးနေလို့များလား"

"ဒါအန္တရာယ် အရမ်းများတာနော် လူတွေက ကိုယ့်အသက်ကိုယ် လေးလေးနက်နက်လည်း မရှိကြဘူး"

မုန့်ယန် သူ့ဘေးက အသံတွေကို နားထောင်ရင်း ဖြည်းဖြည်းချင်း အနည်းငယ်ဖွင့်လိုက်တယ်။ သူ့မြင်ကွင်းက ဝေဝါးနေသေးပေမဲ့ သူ့ပတ်လည်မှာတော့ လူအုပ်ကြီးရှိနေတာကို မြင်နိုင်သေးတယ်။သူ နှစ်ပေါင်းများစွာ မျက်စိကွယ်လာခဲ့တာလေ။ ဘယ်လိုလုပ် ဒီလိုမြင်နေရတာလဲ။
'ငါအိပ်မက်မက်နေသေးတယ်ဆိုတာ သေချာတယ် မကြာခင် ပြန်နိုးလာမှာပါ'
ဒီလိုတွေးရင်း မုန့်ယန်တစ်ယောက် မေ့မျောသွားပြန်တယ်။

မုန့်ယန် နိုးလာပြီး နောက်တစ်ရက်မှာတော့ သူ့ကို ဆေးရုံကနေ အိမ်ကို ခေါ်လာကြတယ်။သူအိပ်ရာကို မှီရင်း သူ့မှတ်ဉာဏ်ထဲ ရင်းနှီးနေတဲ့ အခန်းကို ထပ်တလဲလဲ ကြည့်နေမိတယ်။ ပြတင်းပေါက်အပြင်က နေရောင်ခြည်ကို မျက်မှောင်ကြုတ်ကြည့်လိုက်သေးတယ်။ သူ နှစ်ပေါင်းများစွာ ဘာမှမမြင်ခဲ့ရတော့တာ...နှစ်ချီ မျက်လုံးကန်းခဲ့ပြီးနောက်မှာတော့ မျက်စိအမြင်ရတာဟာ အရမ်းလှပတယ်ဆိုတာ နားလည်သွားခဲ့တယ်။

သူ နွေဦး၊နွေ၊ ဆောင်းဦးနဲ့ဆောင်း ဆယ့်ငါးလီကို ထပ်တလဲလဲ စောင့်ဆိုင်းနေခဲ့ရတာက နောက်တစ်ကြိမ်ပြန်လည်မွေးဖွားဖို့ အခွင့်အရေးကို စောင့်မျှော်နေတာလို့ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ကြည့်ခဲ့ဖူးဘူး။ အခုတော့ သိပ်နောက်မကျသေးတဲ့ အချိန်ကို ပြန်ရောက်လာခဲ့ပြီ။ သူ ဆေးရုံမှာ နိုးလာတဲ့ အချိန်တုန်းက အိပ်မက်တစ်ခုမဟုတ်ဘူးဆိုတာ သေချာသွားတုန်းက အချိန်အတော်ကြာ ငိုကြွေးမိခဲ့တယ်။ သူနာပြုဆို သူ ဝေဒနာခံစားနေရတယ်ထင်ပြီး ဆေးစစ်တာတွေနောက်တစ်ကြိမ်လုပ်ဖို့ ဆရာဝန်ကို ခေါ်လိုက်သေးတယ်။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now