၃၁ ။

6K 678 29
                                    

အန်းလော့ဆီ ပြန်လာပြီးနောက်တစ်နေ့မှာ မုန့်ယန်က သူ့ကုမ္ပဏီကိုကူညီပေးဖို့ လူတစ်ယောက်လောက် လော့ရှိုး လွှတ်ပေးဖို့ မျှော်လင့်ကြောင်းပြောလိုက်တယ်။ ဂရုတစိုက်စဥ်းစား​ပေးပြီးတဲ့နောက် လော့ရှိူးက သူ့ကို ရွေးချယ်စရာ အစီအစဥ်တစ်ချို့ပေးတယ်။ မုန့်ယန် ဒါတွေကိုသေချာနားမလည်ပေမဲ့ လော့ရှိူး သူ့ကိုဆုံးဖြတ်ချက်ချလို့ရအောင် ကူညီခိုင်းလိုက်တယ်။


လဝက်အကြာမှာတော့ မုန့်​အမွှေးရနံ့ကုမ္ပဏီက ဥက္ကဌ စွင့်ဖုန်းဖေးက စာရွက်စာတမ်းတွေနဲ့အတူ မုန့်ယန်ကိုတွေ့ဖို့ရောက်ချလာတယ်။

"အန်တီစွင့်၊ မတွေ့ရတာကြာပြီနော်" မုန့်ယန်က ဧည့်ခန်းလေးထဲဝင်လာပြီး စွင့်ဖုန်းဖေးကိုကြည့်လိုက်တယ်။

"မုန့်ယန်၊ အန်တီသားကို မတွေ့ရတာအတော်ကြာပြီ၊ သားကောလိပ်က စည်းကမ်းကြပ်တာအတွက် နာမည်ကြီးတယ်လို့ကြားတယ်၊ စာကျက်ရင်းအလုပ်များနေတာလား"
စွင့်ဖုန်းဖေးက ပြုံးကာမေးလိုက်တယ်။

"စာကျက်ရတာအဆင်ပြေပါတယ်၊ ကျွန်တော် ထိန်းနိုင်တယ်၊ ပြိုင်ပွဲအတွင် ပြင်ဆင်ရင်း အလုပ်များနေတာ"
မုန့်ယန်က ထိုင်ချရင်းပြောလိုက်တယ်။

စွင့်ဖုန်းဖေးက ခေါင်းညိတ်လိုက်တယ်။
"အမွှေးရနံ့လောကမှအောင်မြင်ချင်ရင် ပြိုင်ဖို့ တကယ်လိုအပ်တယ်"

"အန်တီစွင့်၊ ဒီနှစ်တွေအတွင်း အလုပ်အရမ်းကြိုးစားခဲ့တာပဲ"
မုန့်ယန်က စိတ်ရင်းနဲ့ကျေးဇူးတင်စွာ စွင့်ဖုန်းဖေးကိုကြည့်လိုက်တယ်။

"အန်တီ... ကုမ္ပဏီကိုတိုးတက်အောင် မလုပ်ခဲ့ဘဲနဲ့ ကုမ္ပဏီအခြေအနေကို တစ်နှစ်ထက်တစ်နှစ်ပိုဆိုးအောင်လုပ်မိခဲ့တယ်၊ အန်တီ့စွမ်းဆောင်ရည်က သားအမေနဲ့ မယှဥ်နိုင်ပါဘူး၊ အန်တီက ကုမ္ပဏီကိုပိုပြီး ကြီးမားကောင်းမွန်အောင် လုပ်ခဲ့ချင်ပေမဲ့ အန်တီ့အတွက်အရမ်းခဲယဥ်းခဲ့တယ်"
စွင့်ဖုန်းဖေးအတိတ်က အမှတ်တရတွေအကုန်လုံးကို ပြန်တွေးမိလိုက်​တာနဲ့ သူမရင်ထဲ ခံစားချက်မျိုးစုံနဲ့ပြည့်သွားတယ်။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now