၂၅ ။

6.4K 771 36
                                    

[Unicode]

လော့ရှန်းက မြင်းခြံမှာဖြစ်သွားတဲ့အရာကြောင့် ဒေါသပေါကက်ကွဲသွားပေမဲ့ ဒီဒေါသပမာဏက မလုံလောက်သေးဘူးလို့ ခံစားမိနေတယ်။

ဒါကြောင့် လော့ရှန်းကို ရှောင်ခယ်က တစ်ဖန်ထပ်ပြီး ကားမောင်းပြိုင်မယ်ဖိတ်လိုက်ချိန် သူချက်ချင်းသဘောတူလိုက်တယ်။ လော့ရှန်းက ရှောင်ခယ်နဲ့တစ်ဖန် ကားပြိုင်မယ်တွေးပြီး အရင်တစ်ခေါက်က အရှက်ကွဲခဲ့တာကို ပြန်အဖတ်ဆယ်ချင်နေတယ်။

ကားပြိုင်ပွဲမစခင် ကားပြိုင်ကွင်းက အရမ်းရှုပ်ယှက်ခတ်နေတယ်။ ရှောင်ခယ် လော့ရှန်းကို အရင်တစ်ခေါက်က နိုင်ခဲ့တဲ့သတင်းကပြန့်သွားခဲ့ပြီး ဆွေးနွေးမှုတွေအတော်လေးဖြစ်စေခဲ့တယ်။ ဒါကြောင့်ဒီတစ်ကြိမ် သူတို့ရဲ့ကားပြိုင်ပွဲကို အရင်တစ်ခေါက်ကထက် လူတွေပိုလာကြည့်ကြတယ်။

"ငါ ဒီအတောအတွင်း ရှောင်ခယ်တခြားသူတွေနဲ့ကားပြိုင်တာ မမြင်ဖူးဘူး၊ မင်းပြောသလို သူ့ကားမောင်းစကေးတွေ အရမ်းတိုးတက်လာတာလား"

"မင်း သူတို့ကားပြိုင်ခဲ့တဲ့ အရင်တစ်ခေါက်ကိုမြင်ရင် မေးမှာတောင် မဟုတ်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ကြိမ်တော့ ငါရှောင်ခယ့်အပေါ်ပဲလောင်းတော့မယ်"

"ဒါပေမဲ့ ငါ့မျက်လုံးနဲ့ကိုယ်တိုင်မမြင်ရတော့ မယုံနိုင်ဘူးကွာ၊ ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ခယ်က အရင်တုန်းက လော့ရှန်းကို အများကြီးရှုံးထားတာလေ၊ အရင်တစ်ခေါက်က ကံကောင်းလို့သာနိုင်တာလည်းဖြစ်နိုင်တာပဲ၊ စိတ်ချရဖို့ ငါလော့ရှန်းဘက်ပဲလောင်းလိုက်တော့မယ်"

"ရှောင်ခယ်က အရမ်း အရည်အချင်းရှိတဲ့ နည်းပြကိုငှားထားတယ်ပြောကြတာပဲ၊ ဒီအတောအတွင်း သူက တခြားသူတွေနဲ့လည်း မပြိုင်ဘူး၊ တိတ်တိတ်လေးကြိတ်လေ့ကျင့်နေတာတဲ့၊ သူ အရင်တစ်ခေါက်လို မောင်းနိုင်သရွေ့ ပြဿနာမရှိဘူးထင်တာပဲ"

လော့ရှန်းကားက အရင်ရောက်လာပြီး ရှောင်ခယ်လည်းရောက်လာတယ်။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now