၂၆ ။

6.1K 769 20
                                    

[Unicode]

မုန့်ယန်က ဒဏ်ရာခပ်ပါးပါးသာရခဲ့ပေမဲ့ လော့ရှိုးကတော့ ကျောင်းပြန်မတက်ခင် သူ့ကိုနှစ်ရက်တိတိနားခဲ့ခိုင်းတယ်။

အတန်းသစ်ကာလက မကြာခင်မှာပဲ အဆုံးသတ်ခဲ့ပြီး လပတ်စာမေးပွဲကို ချက်ချင်းကျင်းပကြတော့တယ်။ လစဉ်စာမေးပွဲပြီးတိုင်း အတန်းတွေပြန်ခွဲပြီး ထိုင်ခုံတွေကိုရလဒ်အလိုက်စီကြတယ်။ အတန်းသင်ရိုးတွေက ကွဲပြားတဲ့အတွက် အတန်းခွဲခြင်းကကျောင်းသားတိုင်းအတွက် အရေးပါတယ်။ လကုန်က ကျောင်းသားတွေအတွက် အပြင်းထန်ဆုံးအချိန်ပဲ။

မုန့်ယန်နဲ့ သူ့စီနီယာအစ်ကိုအစ်မတွေက လင်းစုန့်ထိုက်ပို့ချတဲ့သင်ခန်းစာတွေကို လိုက်မှတ်သားပြီးနောက် ပြန်ဖို့ ပြင်ဆင်ကြတယ်။

"မင်းတို့အကုန်လုံး ဒီစာမေးပွဲအတွက် ယုံကြည်ချက်ရှိရဲ့လား"

"ဆရာ၊ ကျွန်တော်တို့စာမေးပွဲတိုင်း ယုံကြည်ချက်ရှိပါတယ်" ဝူဖုန်းက တမင် တည်တံ့တဲ့မျက်နှာထားနဲ့ဆိုလိုက်တယ်။
"ဒါပေမဲ့ ယုံကြည်ချက်ရှိတာမျိုးက မှီခိုလို့ရတဲ့ဟာမဟုတ်ဘူး"

"မင်းကိုယ်မင်းအားမကိုးနိုင်တာကမှ မင်းပါ" လင်းစုန့်ထိုက်က ဝူဖုန်းကိုတစ်ချက်လှမ်းကြည့်လိုက်တယ်။
"ပုံမှန် မင်းတို့ကို အမှတ်တွေက အရေးအကြီးဆုံးအရာမဟုတ်ဘူးပြောနေကြပေမဲ့ တကယ်တော့ မင်းတို့ရလဒ်ကောင်းတွေသာ ရပြီး အဲအဖိုးကြီးရွှီဝမ်ယာ့ကိုစိတ်တိုအောင်လုပ်နိုင်ရင် ဒီဆရာအရမ်းပျော်မိမှာပဲ နားလည်လား"

"ဆရာ၊ ကျွန်တော်တို့နားလည်ပါတယ်" မုန့်ယန်က စီနီယာအစ်ကိုအစ်မတွေ ခေါင်းညိတ်ပြီးပြန်ဖြေလိုက်တယ်။ သူတို့ပုံစံကိုကြည့်ပြီး မုန့်ယန် အတော်လေးရယ်ချင်မိသွားတယ်။

"ဆရာ မစိုးရိမ်ပါနဲ့၊ ဒီတစ်ခေါက် မုန့်ယန်ဒီမှာရှိနေတာပဲ၊ အနည်းဆုံးတော့ ပထမနှစ်ရဲ့ ထိပ်ဆုံးနေရာကစိတ်ချရပြီ"

တခြားသူတွေလည်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။ ဒီကာလအတောအတွင်း သူတို့တွေ မုန့်ယန် ဘယ်လောက်တောင်အရည်အချင်းရှိကြောင်းနဲ့ အခြေခံဗဟုသုတ ဘယ်လောက်ရှိကြောင်းသိပြီးပြီ။ သူတို့အကုန်လုံး သဘောတူကြတာကတော့ မုန့်ယန် ဆိုးဆိုးရွားရွားဖြေခဲ့ရင်တောင် သူ့အသက်အရွယ်အုပ်စုထဲ ပထမနေရာရနိုင်မယ်ဆိုတာပဲ။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now