၂၃ ။

5.7K 836 43
                                    


နောက်တစ်နေ့မှာတော့ လော့ရှိုးက မုန့်ယန်ကို တောင်တန်းချောင်းစွယ်မြင်းခြံဆီ မြင်းစီးလေ့ကျင့်ဖို့ခေါ်လာတယ်။

မြင်းခြံက မန်နေဂျာက လော့ရှိုးရောက်လာပြီး မုန့်ယန်အတွက် မြင်းရွေးပေးချင်တာသိတဲ့အတွက် မြင်းလေ့ကျင့်ရေးသမားတွေကို အကောင်းဆုံးမြင်းတွေထုတ်လာခိုင်းလိုက်တယ်။

လော့ရှိုးနဲ့မုန့်ယန် မြင်းခြံဆီရောက်တဲ့အချိန် မန်နေဂျာက သူတို့ကိုတလေးတစားနဲ့ နှုတ်ဆက်လိုက်တယ်။ လော့ရှိုးနဲ့မုန့်ယန်က မြင်းစီးဖို့အဝတ်အစားတွေနဲ့ ဘွတ်ဖိနပ်တွေ လဲလိုက်တယ်။ မန်နေဂျာက သူတို့မြင်းတွေရွေးဖို့ ကိုယ်တိုင် လှည့်ပတ်ကြည့်တဲ့ကားလေးကိုမောင်းပေးလေတယ်။

အရမ်းနေသာနေပေမဲ့ လေပြည်လေညင်းလေးက သက်တောင့်သက်သာရှိစေတယ်။ မုန့်ယန် မျက်မှန်ချွတ်ပြီး မြက်ခင်းစိမ်းတစ်လျှောက်နဲ့ မြင်းပြိုင်ကွင်းတွေတစ်ဆုံးကြည့်လိုက်တော့ နတ်ဘုရားတောင် အဆုံးထိ မမြင်ရလောက်ဘူး။

မြင်းလေ့ကျင့်ရေးသမားတွေက သူတို့မြင်းတွေနဲ့အတူစောင့်နေလေတယ်။ လော့ရှိုးက သူတို့မြင်းတွေထဲကတစ်ကောင်ကိုရွေးမယ်ဆိုတာ ကြားတော့ အရမ်းစိတ်လှုပ်ရှားကုန်ကြတယ်။ သူတို့ထဲကတစ်ယောက်ယောက်သာ လော့ရှိုးမြင်းတွေကိုအချိန်ပြည့်စောင့်ရှောက်ပြီး လေ့ကျင့်ပေးနိုင်ရင် နှစ်အနည်းငယ်အတွင်း ပေါများကြွယ်ဝတဲ့ ဘဝမှာနေရမှာပဲ။ နောက်တစ်နည်းနဲ့ပြောရရင် သူတို့စားဝတ်နေရေးအတွက်မြင်းတွေကိုမှီခိုနေရတာပဲ။

"ကျွန်တော်တို့ကျောင်းက မြင်းစီးသင်ခန်းစာတွေက ဒီပြိုင်ကွင်းမှာကျင်းပမယ်ထင်တယ်"

လော့ရှိုးခေါင်းညိတ်ပြလိုက်တယ်။

"ကျွန်တော်တို့က စိန့်ဂျိမ်းတက္ကသိုလ်က မြင်းစီးသင်ခန်းစာတွေအတွက် အမြဲတာဝန်ယူထားတာပါ၊ လေ့ကျင့်ရေးနဲ့ သင်ကြားမှုကို Block B5 မှာ သင်ပါတယ်"
မန်နေဂျာကပြုံးပြလိုက်တယ်။

သူတို့  VIP ဧရိယာကိုရောက်တာနဲ့ မန်နေဂျာက ကားကိုပါကင်ထိုးပြီး မုန့်ယန်ကိုတံခါးကူဖွင့်ပေးလိုက်တယ်။ မုန့်ယန်နဲ့လော့ရှိုးက ကားထဲကထွက်ပြီး အရိပ်ရတဲ့အနားယူစရာနေရာဆီ သွားလိုက်ကြတယ်။ ဝန်ထမ်းတွေက သူတို့အတွက် လက်ဖက်ရည်နဲ့သစ်သီးတွေ ပြင်ပေးပြီးတစ်ဖက်မှာရပ်ငာ အမိန့်ပေးမှာကို စောင့်နေကြတယ်။ လော့ရှိုးရဲ့ကိုယ်ရံတော်တွေနဲ့ လက်ထောက်တွေကတော့ တစ်ဖက်မှာရပ်နေကြတယ်။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now