၈၅ ။

2.6K 259 1
                                    

မုန့်ယန် ရေချိုးခန်းထဲက ထွက်လာတဲ့ အချိန်မှာတောင် မျက်နှာပေါ်က နီစွေးမှုက လျော့မသွားသေးဘူး။ ဒါပေမဲ့ ဆယ်ဆီ အဆင်သင့်ဖြစ်ပြီး သူ့ကိုစောင့်နေမယ်လို့ စဉ်းစားမိတော့  အင်္ကျီလဲတဲ့ အရှိန်ကို မြှင့်တင်လိုက်တယ်။
    
မုန့်ယန် အဝတ်အစားလဲပြီးတဲ့နောက် လော့ရှိုးက ရေချိုးခန်းထဲက ထွက်လာတယ်။ မုန့်ယန် လှမ်းသွားလိုက်ပြီး လည်တိုင်ကိုချိတ်လိုက်ကာ ခြေဖျားထောက်ရင်း နှုတ်ခမ်းတွေကို နမ်းလိုက်တယ်။
"ကျွန်တော် ဒီနေ့ ဆယ်ဆီနဲ့ကေတို့ကို အပြင်ခေါ်သွားမို့၊ ဦးကို လိုက်မပို့နိုင်တော့ဘူးနော်၊ ကုမ္ပဏီကိစ္စတွေ ကိုင်တွယ်နေရတာမို့ ဦး အသည်းအသန်ပြန်လာဖို့ မလိုပါဘူး၊ ကျွန်တော် သူတို့နဲ့ ရက်နည်းနည်းလောက် ပျော်ပါးပြီးရင် ပြန်လာခဲ့မယ်"
    
"ကလေး သူတို့နဲ့ နိုင်ငံခြားမသွားဘူးလား"
လော့ရှိုးက မုန့်ယန်ခါးကိုဖက်ပြီး မေးလိုက်တယ်။

"ဟင့်အင်း၊ ကျွန်တော် ပြိုင်ပွဲမှာ ဝင်မပြိုင်ဘူးလေ၊ ပွဲအခမ်းအနားတွေပဲ တက်မဲ့အစား ကလေးနဲ့ အိမ်မှာနေတာ ဒါမှမဟုတ် ဦးနဲ့ ကုမ္ပဏီမှာနေတာကမှ ပိုပြီးကောင်းဦးမယ်"
    
"ဒီနေ့ ကလေး အပြင်သွားမယ်ဆိုမှတော့ ကိုယ်စောစော ထွက်နှင့်တော့မယ်၊ ညကျ ဖုန်းခေါ်ဖို့ သတိရနော်"
လော့ရှိုးက မုန့်ယန်ကို အလွှတ်မပေးခင် အချိန်အတော်ကြာ ဖက်ထားရင်း နမ်းရှိုက်နေလိုက်တယ်။

မုန့်ယန် အောက်ထပ်က စားသောက်ဆိုင်ဆီ ဆင်းလာချိန် ဆယ်ဆီတို့တွေ သူ့ကို စောင့်နေကြပြီ။

မုန့်ယန် အနားရောက်လာတာမြင်တော့ ဆယ်ဆီက ပြုံးလိုက်တယ်။
"တကယ်ကိုပဲ လောင်ကုန်းရှိတဲ့သူတွေက မခွဲနိုင်မခွာနိုင်တွေကို ဖြစ်နေကြတာပဲ"

"မင်းတို့ကို အကြာကြီး စောင့်နေမိစေလို့ တောင်းပန်ပါတယ်၊ သူက ဒီနေ့ပြန်တော့မှာမို့ ငါသူနဲ့ စကားပြောနေတာ"
 

ုန့်ယန် လျှောက်လာကာ ထိုင်ချပြီးတဲ့နောက် သူကတည်ငြိမ်စွာ ပြုံးလိုက်တယ်။
"မနက်စာစားပြီးရင် ရှေးဟောင်းလမ်း ဒါမှမဟုတ် ဈေးဆီ ခေါ်သွားပေးမယ်၊ မင်းတို့ ပန်းဈေး ဒါမှမဟုတ် အမွှေးအကြိုင်ဈေး တစ်ခုခု သွားချင်ကြလား"

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now