၂၄ ။

5.6K 797 17
                                    

နည်းပြက ကျောင်းသားတွေနာမည်ကို သူတို့မြင်းတွေလာယူဖို့ ခေါ်လိုက်တယ်။

အမည်ခေါ်ခံရတဲ့ကျောင်းသားတွေက သူတို့မြင်းတွေဆီ အလျင်အမြန်လျှောက်လာကြပြီး ပျော်ရွှင်စွာ သပ်ပေးလိုက်ကြတယ်။ ကျောင်းဖွင့်တည်းက မြင်းစီးလေ့ကျင့်ရေးအတန်းကလွဲ သူတို့ကိုတွေ့ဖို့အားတဲ့အချိန်က မရှိသလောက်ပဲကိုး။

"ငါးကောင်မြောက်မြင်း၊ ယွီကျွင်းချန်" နည်းပြက ကွန်ပျူတာပေါ်က အလှည့်စာရင်းကိုကြည့်လိုက်တယ်။

စိတ်လှုပ်ရှားမှုတွေ မျှော်လင့်မှုတွေပြည့်နေတဲ့ ယွီကျွင်းချန်က ရုတ်တရက်တောင့်ခဲသွားတယ်။ ဘာကြောင့်လဲဆိုတော့ ငါးကောင်မြောက်မြင်းက မြင်းဖြူတစ်ကောင်မို့လို့ပဲ။ သူ့မျှော်လင့်ချက်တွေ လျော့ကျသွားပြီး ပြန်မတုံ့ပြန်နိုင်ဖြစ်သွားလေတယ်။

အခုလေးတင် ရွှေရောင်ဖျော့မြင်းက ယွီကျွင်းချန်ကို လော့ရှန်းပေးထားတဲ့ဟာလို့ထင်နေတဲ့သူတွေလည်း မင်သက်အံ့သြကာ သိလိုက်စိတ်တွေပြင်းပြလာတော့တယ်။

ယွီကျွင်းချန်က ငေးငိုင်ရင်း မြင်းဖြူဆီလျှောက်လာခဲ့ပေမဲ့ သူ့မျက်လုံးတွေကတော့ ဘေးက ရွှေရောင်ဖျော့မြင်းကိုပဲ ကြည့်နေမိတယ်။ သူ သူ့ပစ္စည်းတွေအလုယက်ခဿလိုက်ရသလိုမျိူး မသက်မသာဖြစ်လာပြီး ဆန္ဒမရှိဖြစ်လာတယ်။

မြင်းတွေအားလုံးရဲ့အလယ်မှာရပ်နေတဲ့မြင်းက အလှပဆုံးပဲ။ ယှဉ်ကြည့်လိုက်တဲ့အခါကျ ပုံမှန်အရမ်းလှပတဲ့မြင်းတွေက သာမန်ဖြစ်လာခဲ့တယ်။

"ခြောက်ကောင်မြောက်မြင်း၊ မုန့်ယန်"

မုန့်ယန်က ကျောင်းသားတွေအကုန်လုံး သူ့အပေါ်အကြည့်ရောက်လာတာနဲ့အတူ မြင်းဆီလျှောက်လာတယ်။ ယွီကျွင်းချန် ဘေးကလူတွေက လော့ရှန်း ယွီကျွင်းချန်ကိုမြင်းတစ်ကောင်လက်ဆောင်ပေးတဲ့အကြောင်းပဲ ပြောနေခဲ့တဲ့အတွက် မုန့်ယန်က လော့လုပ်ငန်းစုရဲ့ ဥက္ကဌနဲ့လက်ထပ်ထားသူမှန်း ဘယ်သူမှအမှတ်မရခဲ့ကြဘူး။ လော့ရှန်းက ဘယ်လိုလုပ် သူ့အဖေထက် ချမ်းသာမှာလဲ။

ယွီကျွင်းချန် အမူအရာက အတော်လေး ရှုံ့တွပြီး ခေါင်းငုံ့သွားလေတယ်။ သူ အရှက်ကွဲသွားသလို ခံစားရပြီး ဒေါသလည်းနည်းနည်းထွက်သွားတယ်။ ဒီလူတွေ ခုနက ဒါအကြောင်းပြောနေတဲ့အချိန် မုန့်ယန်က ဘာလို့ သူ့မြင်းဆိုတာကို မပြောခဲ့ရတာလဲ။ မုန့်ယန်က ကျိန်းသေပေါက် သူ့ကိုအရှက်ကွဲအောင်လုပ်ဖို့ ရည်ရွယ်ထားတာပဲ။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now