၃၂ ။

5.4K 624 20
                                    

လော့ရှန်း အသက်ပြင်းပြင်းရှူပြီး သူငယ်ချင်းတွေကိုပြောလိုက်တယ်။

"ဒီနေ့ပါတီက ငါ့ဖေဖေလေးပြိုင်ပွဲမှာပထမရတဲ့အနေနဲ့ အထူးပြင်ဆင်ပေးထားတာ၊ ဒီကိုလာတဲ့သူတွေအကုန် အနာဂတ်မှာ သူငယ်ချင်းတွေ​ဖြစ်လာမှာမို့ တည့်တည့်မတ်မတ်နေပြီး ရန်ဆက်မဖြစ်ကြဖို့ မျှော်လင့်မိတယ်"

သူတို့အားလုံးနီးပါး ​အဖြစ်အပျက်အပြောင်းအလဲကြောင့် အရမ်းအံ့သြသွားတော့တယ်။ သူတို့အချင်းချင်းကြည့်မိလိုက်ပြီး နားကြားမှားတာလား အိပ်မက်မက်နေတာလားပါ တွေးကုန်မိတော့တယ်။ မဟုတ်ရင် လော့ရှန်းပါးစပ်ကနေ ဒီလိုအ​ကြောင်းအရာတွေထွက်လာရတာလဲ။


မုန့်ယန်ကပြုံးပြီးတဲ့နောက် သူ့ဘေးက စားပွဲပေါ်က ဝိုင်ပုလင်းကိုလှမ်းကြည့်လိုက်ရင်း လော့ရှန်း သူ့အတွက် ဝိုင်တစ်ခွက်ယူလာဖို့ အချက်ပြလိုက်တယ်။

လော့ရှန်းကသွားပြီး မုန့်ယန်အတွက် ဝိုင်တစ်ခွက်ငှဲ့ပေးလိုက်တယ်။

မုန့်ယန်က လက်ထဲကဝိုင်ခွက်ကိုကြည့်ပြီးပြောလိုက်တယ်။
"ဝိုင်ဖြူ"


လူတိုင်းရဲ့ ထိတ်လန့်နေတဲ့အကြည့်တွေရှေ့မှာပဲ လော့ရှန်းကချက်ချင်း လှည့်ပြောင်းဖို့လုပ်လိုက်တယ်။ တိတ်တဆိတ် သက်ပြင်းရှိုက်ရင်း သူကဝိုင်နီခွက်ကိုချကာ မုန့်ယန်အတွက် ဝိုင်ဖြူခွက်တစ်ခွက်လောင်းထည့်ပေးလိုက်တယ်။

သူ ခွက်ကိုယူလိုက်တာနဲ့ မုန့်ယန်က လူအုပ်ကိုပြောလိုက်တယ်။

"ဒီနေ့ အတူလာရောက်ချီးမြှင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အားလုံးမြင်တဲ့အတိုင်းပဲ လော့ရှန်းနဲ့ ကျွန်တော်နဲ့က ပြန်အဆင်ပြေသွားပြီ၊ လော့ရှန်းက ကျွန်တော့်ကို သူ့အကြီးအဖြစ် လေးစားဖို့ ဆန္ဒရှိတယ်၊ ပြီးတော့ ကျွန်တော် တကယ်ပျော်နေတဲ့အတွက် သူအတိတ်မှာလုပ်ခဲ့တဲ့ကိစ္စတွေကို အလွှတ်ပေးလိုက်ပါတော့မယ်၊ အခုလက်ရှိနဲ့အနာဂတ်က အရေးကြီးဆုံးပဲလေ၊ ကျွန်တော် ဒီနေ့အချိန်ကောင်းကောင်း ပိုင်ဆိုင်ချင်ပြီး အားလုံးလည်း အချိန်ကောင်းပိုင်ဆိုင်နိုင်မယ် မျှော်လင့်ပါတယ်၊ ကျွန်တော် ကျေးဇူးတင်တဲ့အနေနဲ့ အားလုံးကို ဂုဏ်ပြုချင်ပါတယ်" 

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now