၇၆ ။

2.5K 277 3
                                    

မုန့်ယန် ကလေးကို စောစောသိပ်လိုက်တယ်။ ဒီနောက် အိပ်ရာပေါ်မှီရင်း တက်ဘလက်ပေါ်က အကြောင်းအရာမှတ်စုတွေကိုကြည့်ကာ လော့ရှိုး ဖရန်ဆန်နဲ့စကားပြောပြီးတဲ့နောက် အခန်းဆီ ပြန်လာမှာကို စောင့်ဆိုင်းနေတယ်။


လော့ရှိုး အခန်းထဲဝင်လာချင်းချင်း မုန့်ယန် ထထိုင်လိုက်တယ်။ လော့ရှိုးအနားရောက်လာတော့ မုန့်ယန် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ ပြောလိုက်တယ်။
"ကျွန်တော် ဦးကို အရမ်းလွမ်းနေတာ..."

"ကိုယ်သိပါတယ်" လော့ရှိုး ခေါင်းငုံ့ပြီး မုန့်ယန်ကို နမ်းလိုက်တယ်။
"ရေချိုးလိုက်ဦးမယ်"

"အွန်း" မုန့်ယန် ခေါင်းညိတ်ပြလိုက်တယ်။

လော့ရှိုး ရေချိုးခန်းထဲက ထွက်လာတော့ မုန့်ယန် သူ့လက်မောင်းတွေကိုမှီလိုက်ကာ အတော်လေး စိတ်သက်သာရာရသွားခဲ့တယ်။ သူ မျက်ဝန်းတွေကိုမှိတ်ကာ မေးလိုက်တယ်။
"နေ့ခင်းတုန်းကဦးတို့ ဘာတွေလုပ်နေကြတာလဲ၊ အရမ်းကိုလျှို့ဝှက်လွန်းတယ်၊ ကျွန်တော့်ကို အဝတ်တွေထပ်လဲဖို့ ပုန်းခိုင်းတယ်၊ ပြီးတော့ ကားလည်း ထပ်လဲခိုင်းတယ်၊ တကယ်တော့ ကျွန်တော့်ကို အံ့အားသင့်အောင် လုပ်ဖို့သက်သက်တော့ မဟုတ်ဘူးမလား"

"ချန်းခန်း သေသွားပြီ"
လော့ရှိုးတစ်ယောက် ဒီနေ့ရာသီဥတုမဆိုးဘူးဆိုတဲ့ ပျင်းစရာစကားဝိုင်းကို ပြောနေရသလိုမျိုး တည်ငြိမ်စွာ ‌ဆိုလေတယ်။

   
"ဘယ်အချိန်တုန်းကလဲ" မုန့်ယန် ရုတ်ချည်း မျက်လုံးတွေကို ဖွင့်လိုက်တယ်။  ရုတ်တရက် တခြားကျောင်းသားတွေ ပြောနေခဲ့ကြတဲ့ ကားမတော်တဆမှုကို ‌စဥ်းစားမိသွားတယ်။ ဒီကိစ္စရပ်အားလုံးကို အစကနေအဆုံးထိ ဆက်စပ်ကြည့်လိုက်ပြီးတဲ့နောက်
သူ တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားတဲ့ပုံပဲ။
"ဒီနေ့လေးတင်ပဲ၊ သေဆုံးမှုကို အတည်ပြုပြီးပြီ"

"မတော်တဆလား၊ ဒါမှမဟုတ်..."
    

"မတော်တဆမှုလို့ပဲ ကလေးသိထားဖို့လိုတယ်၊ တခြားကိစ္စတွေအကြောင်း ‌စဉ်းစားဖို့မလိုဘူး"
လော့ရှိုး မုန့်ယန်ကို ဒီလိုကိစ္စ‌တွေ အကြောင်း မစဉ်းစားစေချင်ဘူး။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now