၅၀ ။

4.3K 459 4
                                    

လေလံပွဲစတင်ချိန် မုန့်ယန်တို့နှစ်ယောက် စားပွဲဝိုင်းဆီသွားကာ ထိုင်ချလိုက်ကြတယ်။


မုန့်ယန် လေလံပစ္စည်းစာရင်းကိုကြည့်ပြီးပြီ။ သူထူးထူးခြားခြားသဘောကျတာ မတွေ့ပင်မဲ့ ဒီကိုရောက်လာမှတော့ ပစ္စည်းတစ်ချို့ ပြန်ယူသွားရမှာပေါ့။ ဒါကြောင့် စာရင်းထဲက ပစ္စည်းတစ်ချို့ကို ရွေးထုတ်ပြီး လက်ထောက်ကို နောက်ကျ လေလံဆွဲခိုင်းလိုက်တယ်။


ချန်းဖန်ဖေးက သူတို့နဲ့မနီးမဝေးက စားပွဲဝိုင်းမှာ ထိုင်နေတယ်။ တိုက်ဆိုင်တာလား ချန်းဖန်ဖေး တမင်လုပ်တာပဲလားတော့မသိပင်မဲ့ သူနှစ်သက်တဲ့ပစ္စည်းတွေထဲကနှစ်ခုကို ချန်းဖန်ဖေးက သိပ်လိုချင်နေပုံပဲ။ ဒါပေမဲ့ အဆုံးမှာတော့ သူပဲရခဲ့တယ်။


သူမလိုချင်တာတွေ မုန့်ယန် ယူသွားတာမြင်တော့ ချန်းဖန်ဖေး တိတ်တခိုး စိုးရိမ်နေမိတယ်။ ဒီပစ္စည်းနှစ်ခုက သူမ လော့ရှိုး အမေကိုပေးဖို့ ပြင်ထားတဲ့ လက်ဆောင်တွေဖြစ်တယ်။ သူမဒါတွေအတွက်ကြောင့် အထူးတလည်ရောက်လာခဲ့ရတာ။ လော့မိသားစုမှာ လော့ရှန်းအခြေအနေက မကောင်းတာသိတယ်။ လော့ရှိုးက ဇနီးငယ်ငယ်လေးထပ်လက်ထပ်ထားတော့ သူ သေချာပေါက် ကလေးထပ်ရမှာပဲ။ သူမ လော့ရှန်းကို ပြုသမျှနုတာမခံရအောင် ကူညီမှဖြစ်မယ်။ အကောင်းဆုံး နည်းလမ်းကတော့ လော့ရှိူးအမေဆီက ထောက်ခံမှုရဖို့ပဲ။


နှစ်တစ်လျှောက် သူမက လော့ရှန်းဟာ လော့ရှိုးသွေးသားရင်းမဟုတ်ဘူးဆိုတာ ဖုံးကွယ်ခဲ့ပြီး အမှန်ပြောဖို့ ရုန်းကန်နေခဲ့ရတယ်။ နှစ်တွေအများကြီး ကြာသည့်တိုင် သူမ ဒီကိစ္စကို လော့ရှန်းအဖေအရင်းအပါအဝင် ဘယ်သူ့ကိုမှ မပြောပြရသေးဘူး။ ဘယ်သူမှမသိတဲ့အတွက် ဒီအလိမ်အညာကအမှန်ဖြစ်လာနိုင်တယ်။ သူမ မ​ပြောသရွေ့ လော့ရှန်းက လော့ရှိုးရဲ့ သားအကြီးဆုံး အမြဲဖြစ်နေဦးမှာပဲ။


ချန်းဖန်ဖေး လော့ရှိုးဘေးတစ်စောင်း မျက်နှာကိုလှမ်းကြည့်လိုက်မိတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူမကို အင်မတန်မုန်းတီးမိအောင်လုပ်ခဲ့တဲ့ အမျိုးသားက အခုတော့ အတော်လေး ဆွဲဆောင်မှုရှိနေပြီ။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now