၄၁ ။

4.7K 517 4
                                    

မုန့်ယန်လက်ကိုဆွဲကာ လော့ရှိုး ဖြည်းဖြည်းချင်း လျှောက်လာခဲ့တယ်။


"ဦး သူငယ်ချင်း ဘယ်လိုနေလဲ၊ ဘာလို့ ဒီကိုရောက်နေတာလဲ"

"သူက အိပ်မရ ရောဂါအပြင်းအထန်ရနေတာလေ၊ သူက ဆေးတွေလည်းအများကြီး သောက်ဖူးပြီး ခန္ဓာကိုယ်လည်း ဆိုးဆိုးရွားရွားထိခိုက်နေပြီ၊ ပြဿနာကပိုဆိုးလာပြီး စိတ်တိုလွယ်လာတယ်၊ ထင်ယောင်ထင်မှားတွေပါဖြစ်စပြုနေတာ၊ သူအိပ်နေသလား နိုးနေသလားတောင် မခွဲခြားနိုင်တော့ဘူး၊ သူ့မှာ အိပ်မပျော်တဲ့ရောဂါရှိနေတယ်ဆိုတာ သိပေမဲ့ အဲလောက်ထိ ပြင်းထန်နေမယ်လို့ ကိုယ်တို့မသိခဲ့ဘူး၊ သူလျှို့ဝှက်ထားခဲ့လို့ မတော်တဆဖြစ်လုနီးပါးမှ ကိုယ်တို့သိခဲ့ရတယ်"

"ဦးတို့လို ကုမ္ပဏီကြီးတွေကိုစီမံခန့်ခွဲရတဲ့ ဒါရိုက်တာတွေက သာမန်လူတွေ မခန့်မှန်းနိုင်လောက်တဲ့ ဖိအားဒဏ်မျိုးခံရမှာပေါ့၊ ဦးခေါင်းကိုက်တဲ့ရောဂါလိုမျိုး ရက်ရှည်မအိပ်တဲ့အလုပ်က ဖြစ်စေခဲ့တာလေ၊ ရနံ့ကုထုံးလေ့လာသူတိုင်းသိတယ်ကြတယ်၊ အတိုင်းအတာချင်းကွဲပြားပေမဲ့ ကုမ္ပဏီကြီးတွေရဲ့ သူဌေးဆယ်ယောက်မှာရှစ်ယောက်က အိပ်မပျော်နိုင်တဲ့ ပြဿနာရှိကြတယ်၊ ဒီလို ကုမ္ပဏီထိပ်သီးတွေက ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြဿနာတက်လာပြီဆိုရင် ရနံ့ကုထုံးအတွက် ပိုက်ဆံအများကြီး သုံးကြတော့တာပဲ၊ ဒီတော့ သူ့ရနံ့ကုထုံးအခြေအနေက အခုဘယ်လိုရှိလဲ"

"ရနံ့ကုထုံးပညာရှင်တစ်ချို့က သူ့အတွက် သုတေသနလုပ်ပြီး ဆေးတွေစပ်ပေးခဲ့တယ်၊ အခုတလောလည်း အဆီနံ့နဲ့ နှိပ်နယ်တာမျိုး၊ ဆေးရနံ့ချိုးရေ၊ မှိုင်းတိုက်တာမျိုးနဲ့ အပ်စိုက်ကုထုံးတာမျိုးလည်း လုပ်ပြီးပြီ၊ ဒါတွေအကုန်လုံးက သက်ရောက်မှုနည်းနည်းတော့ရှိတာပေါ့၊ ဒါပေမဲ့ ရနံ့ကုထုံးရဲ့ သဘောမျိုးက ​ကြာတယ်လေ၊ သူက စိတ်မရှည်တဲ့လူဆိုတော့ ကုမ္ပဏီကိုလည်းစိတ်မချနိုင်တာနဲ့ ကောင်းကောင်းမနားရတာ"

"အချိန်ကြာသွားတာက ပြဿနာတွေရဲ့အစပဲ၊ ဟုတ်တာပေါ့ ကုသမှုကနှေးမှာပဲလေ၊ တကယ်လို့ ပြဿနာကိုအစတည်းကသာသိခဲ့ရင် သူ သေချာကုသမှုခံခဲ့ရင်တောင် အချိန်သိပ်မကြာလောက်ဘူး"

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now