၆၁ ။

3.6K 374 3
                                    

ကလေးနှစ်လပြည့်ရောက်ချိန်မှာတော့ အလုပ်များနေတဲ့ လော့ရှိုးက အချိန်သီးသန့်ယူပြီး ဘိုးဘွားကန်တော့ဖို့ မုန့်ယန်နဲ့သူ့ကလေးကိုခေါ်သွားဖို့လုပ်လိုက်တယ်။ သူ့အဖေကို သူ့မြေးကြီးအစစ်မွေးပြီဆိုတာ သိစေချင်တယ်။ အကြောင်းအရင်း နောက်တစ်ခုက လော့မိသားစု မျိုးရိုးစာရင်းသစ်ပင်မှာ ကလေးနာမည်ထည့်ဖို့နဲ့ လော့ရှန်းနာမည်ကို ခြစ်လိုက်ဖို့ဖြစ်တယ်။


လော့ရှိုးက ၃ နှစ်တစ်ကြိမ် ဘိုးဘွားကန်တော့ဖို့ ဇာတိမြို့ကိုပြန်နေကြဖြစ်တယ်။
သူ့ဦးလေးတွေ၊ ဝမ်းကွဲတွေနဲ့ သူ့​ညီသုံးယောက်ကတော့ နှစ်တိုင်း ဘိုးဘွားကန်တော့ဖို့ ပြန်ကြတာက သူတို့ပိုင်ဆိုင်မှုကို ကြွားဝါလို့ရအောင်ပဲ။


မုန့်ယန်နဲ့ သူတို့ကလေးနဲ့ ဘိုးဘွားအိမ်ဆီ မပြန်ခင် လော့ရှိုးကသူ့လက်ထောက်ကို လော့မိသားစုဘိုးဘွားအိမ်က အစောင့်တွေဆီ ကလေးရဲ့နှစ်လပြည့်နဲ့ ဘိုးဘွားကန်တော့ပွဲ ပြင်ဆင်စီစဥ်လို့ရအောင် အသိပေးခိုင်းထားလိုက်တယ်။

ကားထဲမှာထိုင်ရင်း လော့ရှိုး မုန့်ယန်ကို လော့မိသားစုရဲ့တစ်ချို့အကြောင်းအရာတွေ ပြောပြလိုက်တယ်။

"ကိုယ့်အဖေက ဒုတိယသားပေါ့၊ သူ့အပေါ်မှာ အစ်ကိုတစ်ယောက်ရှိသေးတယ်၊ ကိုယ်ကြားဖူးတာတော့ ဦးလေးက ကိုယ့်အဘိုးနဲ့အတော်လေးတူတယ်တဲ့၊ အရည်အချင်းရှိပြီး ဥာဏ်ကောင်းတယ်ပေါ့၊ ကိုယ့်အဘိုးက မျှော်လင့်ချက်ကြီးကြီးနဲ့ သူ့ကို ဂရုတစိုက်ပျိုးထောင်ခဲ့တာ၊ ကံမကောင်းစွာနဲ့ပဲ ကိုယ့်ဝမ်းကွဲကိုမွေးပြီးသိပ်မကြာခင်ပဲ ဦးလေးက ကင်ဆာရောဂါနဲ့ ဆုံးသွားခဲ့တယ်၊ မျှော်လင့်ချက်မြင့်မြင့်ထားခဲ့ရတဲ့ သားကြီးဆုံးရှုံးသွားရတော့ ယူကျုံးမရဖြစ်နေတဲ့အဘိုးကို နေမကောင်းဖြစ်ကာ အိပ်ရာထဲလဲစေခဲ့တယ်၊ နောက်ပိုင်း သူ အဖေ့ကိုပြန်လေ့ကျင့်ပေးဖို့ နှစ်အနည်းငယ်တော့ အသက်ရှင်ခဲ့သေးတယ်၊ ဒါပေမဲ့ဦးလေးနဲ့ယှဥ်ရင်တော့ အဖေက တော်​တော်လေး ထုံတယ်ပေါ့၊ ဒါပေမဲ့အဘိုးရဲ့ကျန်တဲ့သားတွေထဲ အဖေက အတော်လေး လုပ်ရည်ကိုင်ရည်အရှိဆုံးမို့ အဘိုးကွယ်လွန်သွားချိန် အဖေကလော့မိသားစုအမွေကိုလွှဲပြောင်းယူခဲ့တယ်"

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now