၃၃ ။

5.4K 658 22
                                    

မုန့်ယန် လေ့လာကျက်မှတ်တာနဲ့တင် အလုပ်ရှုပ်နေတာမဟုတ် နိုင်ငံရပ်ခြားပြိုင်ပွဲအတွက်ပါလေ့ကျင့်နေရတယ်။ သူ နောက်ဆုံး ရနံ့ကုထုံးလိုင်စင် နောက်ဆုံးစာမေးပွဲကိုအဆုံးသတ်ဖို့လိုသေးတယ်။ တစ်ခါတစ်လေ သူ့ဦးနှောက်က တကယ်ကို ပင်ပန်းလွန်းတဲ့အတွက် စိတ်ကိုဖြေလျှော့ဖို့ ​လုံလင်းတောင်တန်းတစ်ဝိုက် မြင်းစီးဖြစ်တယ်။


လော့ရှိုးရဲ့ညီငယ် လော့ချီဖိတ်ကြားချက်အရ ဘရတ်လေက စံအိမ်ရဲ့ဂိတ်အပြင်ဘက်မှာ ကားပေါ်ကဆင်းလိုက်တယ်။ သူက တော်ဝင်ဆန်ပြီးခန့်ညားတဲ့ရွှေရောင် မြင်းဖြူကိုမြင်လိုက်ရတယ်။ သူမြင်းပေါ်ကလူကို မှတ်မိသွားချိန်မှာတော့​ ရုတ်တရက်မင်သက်သွားမိတယ်။ သူ ပုံရိပ်ယောင်တစ်ခုကိုမြင်နေရသလိုပဲ။ တောက်ပတဲ့နေရောင်ထဲ သိမ်မွေ့ပြီးလှပတဲ့ မင်းသားလေးတစ်ပါးက မြင်းပေါ်ခွလျက် သူ့ဆီ စီးနင်းလာလေတယ်။
အဲဒီ ဆွဲညှို့နိုင်တဲ့မင်းသားလေးကို မြင်းပေါ်ကနေဆင်းပြီး သူ့လက်မောင်းထဲ ခုန်ဆင်းစေချင်တဲ့အထိ မျှော်လင့်မိသွားတယ်။


မုန့်ယန် တခြားကိစ္စအကြောင်းတွေးနေမိပြီး ဘရတ်လေကို မမြင်ဘူးဖြစ်နေတယ်။ ဘရတ်လေက ​မုန့်ယန်ကိုလိုက်ကြည့်မိနေပြီး မုန့်ယန်မြင်ကွင်းထဲကနေပျောက်သွားချိမ်ထိ အသိစိတ်ပြန်မဝင်လာသေးဘူးဖြစ်နေတယ်။


"မစ္စတာဘရတ်လေ ကျေးဇူးပြုပြီး အထဲဝင်ခဲ့ပါ" လော့ချီက သူအာရုံစိုက်မနေတာမြင်တော့ အသံမြှင့်ပြောလိုက်တယ်။
"မစ္စတာဘရတ်လေ"

ဘရတ်လေက ​ဖျတ်ခနဲအသိဝင်လာပြီး လော့ချီဘက်လှည့်ကြည့်လိုက်တယ်။

"ကျေးဇူးပြုပြီး အထဲဝင်လာခဲ့ပါ" လော့ချီက လက်တစ်ဖက်နဲ့အမူအရာပြလိုက်တယ်။

"မစ္စတာလော့ အဲဒါက..." သူအထဲဝင်လာရင်း မဝံ့မရဲစူးစမ်းလိုက်တယ်။ သူ သိချင်တာတွေစူးစမ်းဖို့ မုန့်ယန်ကို မသိချင်ယောင်ဆောင်လိုက်တယ်။

"အဲဒါကျွန်တော့်အစ်ကိုကြီးယောကျ်ားလေ၊ သူတို့တွေ ခုတလောကမှလက်ထပ်ထားကြတာ"

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now