၂ ။

9.5K 1.2K 18
                                    

[Zawgyi]

မုန့်ယန် လုယွင်ကျင်းကားထဲဝင်လိုက်တဲ့ အချိန် လုယွင်ကျင်းက သူ့ကို စိတ်ရှုပ်ထွေးတဲ့ဟန်ကြည့်လိုက်တယ်။
"မင်း မနေ့က ပြောသွားတာ မွေးနေ့ကိုလော့ရှန်းနဲ့ နှစ်ယောက်တည်း အချိန်ဖြုန်းမယ်ဆို ဆေးရုံကိုဘယ်လိုလုပ်ရောက်သွားတာလဲ စမ်းသပ်မှုကရောဘယ်လိုလဲ ပြဿနာမရှိဘူးမလား"

"အရင်မောင်း မောင်းရင်းနဲ့မှ စကားပြော"
မုန့်ယန်က ခါးပတ်တပ်ရင်းပြောလိုက်တယ်။

"မင်း ဘယ်သွားချင်လဲ သွားစားမလား"

"ထိုင်ဖို့ နေရာတစ်နေရာပဲ ရှာလိုက်"

"ဒါနဲ့ ဘာတွေဖြစ်နေတာလဲ" လုယွင်ကျင်းက မောင်းနေရင်း မေးလိုက်တယ်။

"လော့ရှန်း မနေ့က ငါနဲ့ မွေးနေ့မှာ တူတူအချိန်မဖြုန်းပေးတော့ တစ်ယောက်တည်းအများကြီးသောက်လိုက်မိပြီး လမ်းပေါ် အိပ်မောကျသွားတာ ဘေးနားက ဖြတ်သွားတဲ့ လူတွေက ငါသတိလစ်နေတယ်ထင်ပြီး ဆေးရုံကိုဖုန်းဆက်လို့ လူနာတင်ကားက ငါ့ကိုခေါ်သွားတာ  ငါဘာမှမဖြစ်ဘူး"

"လော့ရှန်းက မင်းမွေးနေ့မှာ အဖော်မပြုပေးဘူးဆို ငါ့ကိုဖုန်းဆက်ပေးလို့ရတာပဲ တစ်ယောက်တည်း ဘာလို့သောက်ရတာလဲ"
လုယွင်ကျင်းက မခံမရပ်နိုင်ပြောလေရဲ့။

"လော့ရှန်းနဲ့ ယွီကျွင်းချန်က ငါ့နောက်ကွယ်မှာ တွဲနေကြတယ်" မုန့်ယန် တည်တည်ငြိမ်ငြိမ်ပဲ ဖြေလိုက်တယ်။

လုယွင်ကျင်းက မုန့်ယန်ကို အထိတ်တလန့်ကြည့်လိုက်တယ်။
"တကယ်ကြီးလား သူတို့ ဘာလုပ်နေလဲ သိသွားလို့ ဝမ်းနည်းတာတွေ မျှောချဖို့ သောက်ခဲ့တာလား"

မုန့်ယန်က တိတ်နေပြီး ဘာမှမပြောဖြစ်။ သူ ပြန်လည် မမွေးဖွားလာခင်တုန်းကတော့ လော့ရှန်းက သူနဲ့မွေးနေ့တူတူမကျင်းပပေးလို့ အများကြီးသောက်ခဲ့တာဖြစ်တယ် လော့ရှန်းရဲ့ ယွီကျွင်းချန်ရဲ့ ဆက်ဆံရေးကို သိလို့မဟုတ်ခဲ့ဘူး သူ့အရင်ဘဝကတော့ နောက်၃နှစ်ကြာ လော့ရှန်းနဲ့ ယွီကျွင်းချန် တရားဝင်တွဲတဲ့အခါမှ သိခဲ့ရတယ်။

"သူတို့နှစ်ယောက်ကြား တစ်ခုခုမှားနေတယ် ခံစားခဲ့ရပေမဲ့ မသေချာလို့ ပြောဖို့မလွယ်ခဲ့တာ" လုယွင်ကျင်းက ဒေါသတကြီးဆိုလိုက်တယ်။
"မင်း အခုဘာလုပ်မှာလဲ"

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now