၆ ။

7.5K 1K 20
                                    

[Unicode]

မုန့်ယန်ကားက တောင်နံရံနဲ့တိုက်မိသွားပြီး လော့ရှုကားကတော့ မုန့်ယန်ကားနှင့်တစ်ဝက်၊ တောင်နံရံနှင့်တစ်ဝက်တိုက်မိသွားခြင်းဖြစ်တယ်။

မုန့်ယန် တောင်နံရံကိုတိုက်မိသွားချိန် သူ့နဖူးက မှန်နှင့်ပြင်းပြင်းထန်ထန်တိုက်မိသွားခဲ့ပြီးတော့ ချက်ချင်းဆိုသလို အောက်သို့ညွှတ်ကျသွားခဲ့ရှာတယ်။ သူမူးဝေနေပြီး နာကျင်နေပေ်မဲ့ နောက်ဆုံးတော့ သူလော့ရှုကားကို တားနိုင်ခဲ့ပြီ။

အခုလေးတင် လော့ရှုမှာဆိုးဝါးလှသည့် ခေါင်းကိုက်ဝေဒနာခံစားနေရကာ အရာအားလုံးမှောင်မိုက်နေခဲ့တယ်။ သူ မျက်စိဖွင့်ဖို့ကြိုးစားကြည့်ပေမဲ့ အရာအားလုံးက မှောင်မိုက်နေတုန်းပဲ။ တစ်စုံတစ်ရာက သူ့ကိုထုနှက်နေသလိုခံစားရပေမဲ့ ဒါနာကျင်မှုကြောင့် ထင်ယောင်ထင်မှားဖြစ်နေတာလို့ တွေးမိသွားတယ်။ သူ ပိုပြီးပြင်းထန်တဲ့ ဝင်တိုက်မှုကြုံပြီးနောက်တွင်တော့ ပျောက်ဆုံးနေသည့် သတိက ဖြည်းဖြည်းချင်း ပြန်ရောက်လာပြီး သူ့မြင်ကွင်းက ပိုပြီးကြည်လင်လာခဲ့တယ်။

လော့ရှု အခြေအနေကိုရှင်းရှင်းလင်းလင်း မြင်ရတာနဲ့ ကားထဲကချက်ချင်းထွက်ခဲ့တယ်။ သူမုန့်ယန်ကားဆီအပြေးလာပြီး ကားတံခါးဖွင့်လိုက်တော့ အထဲက မုန့်ယန်မှာမျက်လုံးများပိတ်နေပြီး နဖူးက သွေးများစီးကျနေတာကိုမြင်လိုက်ရ
တော့တယ်။ လော့ရှုထိတ်လန့်သွားပြီး ချက်ချင်းဖုန်းဆက်ဖို့ ဖုန်းကိုဆွဲထုတ်ပြီးတဲ့နောက်မှာ မုန့်ယန်အခြေအနေကိုစစ်ကြည့်ဖို့ ကိုယ်ကိုကိုင်းလိုက်လေတယ်။

မုန့်ယန်က မျက်လုံးဖွင့်ပြီးတော့ သူ့မျက်နှာကိုမြင်လိုက်ရပြီးတဲ့နောက် သတိလစ်သွားခဲ့တော့တယ်။ အဲဒီမျက်ဝန်းတွေက လော့ရှုနှလုံးသားကိုတုန်ခါစေသွားပြီး အံ့သြမှုတွေနဲ့ ပြည့်သွားခဲ့တယ်။

မုန့်ယန် မအေးခဲတာသေချာစေဖို့ လော့ရှုက ယာယီ ကားတံခါးကိုပိတ်ပြီး အဝေးက ကွေ့ကြောကိုလှည့်ကြည့်လိုက်တယ် ။ သူ့ကားသာ အဲဒီကားရဲ့တားတာကိုမခံလိုက်ရရင် အဲတောင်အောက်ကိုထိုးကျပြီး အခုသေနေလောက်ပြီ။ ကားထဲက လူကသူ့အသက်ကို ကယ်ပေးခဲ့တာပဲ..။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now