၆၅ ။

2.9K 322 2
                                    

မုန့်ယန်က သူ့ကိုမစောင့်ခိုင်းဘဲ ဝူဖုန်းနဲ့တခြားသူတွေကို အရင်ပြန်ဖို့ပြောရင်း ဥက္ကဌ ကော့ချ်နဲ့ တခြားသူတွေကို ဧည့်ခံနေတဲ့ ဝန်းဆီ လက်ထောက်နဲ့အတူ လျှောက်လာခဲ့တယ်။


မုန့်ယန်ထိုင်ချပြီးတဲ့နောက် ကော့ချ်က မေးဖို့မစောင့်နိုင်တော့ဘူး။
"မင်း အရင်တစ်ခေါက်တုန်းက စုတိကို ပေးခဲ့တဲ့ ဆေးကျန်သေးလား၊ ငါ့မှာလည်း စုတိနဲ့အခြေအနေတူတဲ့ လူနာရှိတယ်၊ သူကလည်း ကားမတော်တဆမှုတစ်ခုရဲ့ နစ်နာသူပဲ၊ အဲစိတ်ဒဏ်ရာကနေ စိတ်ပိုင်းဆိုင်ရာ အရိပ်တွေရခဲ့တယ်၊ ဒါကြောင့် သူ့ကို အိပ်မပျော်ဖြစ်စေတဲ့ အိပ်မက်ဆိုးတွေမက်နေရှာတာ၊ ကားမြင်တိုင်းလည်း ကြောက်နေတယ်၊ မင်းလုပ်ထားတဲ့ ဆေးကိုငါသူ့အပေါ် သုံးကြည့်တာ သက်ရောက်မှုကမဆိုးဘူး၊ ငါအကုန်သုံးလိုက်ပေမဲ့ ကုသမှုကဆက်လုပ်ဖို့လိုသေးတယ်၊ ငါ ဝယ်လို့ရသေးလား မေးကြည့်တာ"

အဲဒီရနံ့ကုထုံးဆေးဝါးတွေကို မုန့်ယန် စုတိ ကို နောက်ဆုံးတစ်ကြိမ်ပေးခဲ့တုန်းက ရှောင်ခယ်က ပိုက်ဆံချေပြီး အားလုံးကို၀ယ်ခဲ့တယ်။ ဒါ​ပေမဲ့ ဒီရနံ့ကုထုံးဆေးဝါးတွေရဲ့ အာနိသင်တွေနဲ့ အံ့သြစရာ အကျိုးသက်ရောက်မှုတွေကို မြင်ပြီးတဲ့နောက် ကော့ချ်က ရှောင်ခယ်ဆီကနေ အသုံးမပြုတော့တဲ့ အကျန်တွေကို ၀ယ်ချင်ခဲ့တယ်။ ရှောင်ခယ်က အစပိုင်းမှာတော့ မရောင်းချင်ခဲ့ဘူး။ ဒါပေမဲ့ သူငြင်းရင် နောက်ပိုင်း ကော့ချ်ကို ပင့်ဖိတ်ရခက်လိမ့်မယ်ဆိုတဲ့ အချက်ကိုစဉ်းစားပြီးတဲ့နောက် ရောင်းပေးလိုက်တယ်။

ကော့ချ်က ဒီဆေးတွေကိုပြန်ယူသွားပြီး   ကားမတော်တဆမှုတစ်ခုကြောင့် အိပ်မက်ဆိုးတွေမက်နေခဲ့တဲ့ တခြားလူနာတစ်ဦးကိုပေးခဲ့တယ်။ မုန့်ယန်ဆီက သုံးစွဲပုံနည်းလမ်းတွေကို သင်ယူပြီးတဲ့နောက် သူက သူ့စိတ်ကုထုံးနဲ့ ပေါင်းစပ်လိုက်တယ်။ အကျိုးသက်ရောက်မှုက အင်မတန်ကောင်းပေမဲ့ ကုသမှုဆက်လက်ဖို့အတွက် လိုအပ်သေးတယ်။ ဒါ​ကြောင့် သူ မုန့်ယန်ဆီကနေ ​ နောက်ထပ်ဆေးဘက်ဆိုင်ရာရနံ့ကုထုံးကို  ၀ယ်ချင်ခဲ့တာပဲ။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now