၆၉ ။

2.5K 292 1
                                    

မုန့်ယန် စာကြည့်ခန်းကိုသွားပြီး tabletကို ယူလိုက်ကာ ပစ္စည်းအမျိုးမျိုးနဲ့စာအုပ်တွေကိုပါ ယူကာ လင်းစုန့်ထိုက်နဲ့ ဒုဥက္ကဌတို့ကိုတွေ့ဖို့ ဧည့်ခန်းငယ်ထဲသွားလိုက်တယ်။


"ဆရာ၊ ဒုဥက္ကဌ" မုန့်ယန်က ဧည့်ခန်းငယ်ထဲလမ်းလျှောက်လာပြီး နှစ်ယောက်ကိိုနှုတ်ဆက်ကာ ထိုင်ချလိုက်တယ်။

"မင်းဒီတစ်ကြိမ် ပင်ပင်ပန်းပန်းကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးတင်မိတယ်၊ ကော့ချ်က မင်းကို အရမ်းအလုပ်ကြိုးစားပြီး သူ့တခြားကျောင်းသားတွေထက်တောင် ပိုကောင်းကောင်းလုပ်ဆောင်ခဲ့တယ်လို့ပြောတာကြားတယ်"
လင်းစုန့်ထိုက်က ပြောလိုက်တယ်။

"ကျွန်တော်မကြွားချင်ပေမဲ့ ကျွန်တော့်အခြေခံက အတူတူသင်နေတဲ့တခြားကျောင်းသားတွေထက် ပိုကောင်းတယ်ထင်မိတယ်၊ ဒါကြောင့် ကျွန်တော်ပိုပြီးမြန်မြန်သင်ယူနိုင်တာပါ"
မုန့်ယန်က အပြုံးတစ်ပွင့်နဲ့ပြောလိုက်တယ်။
"သင်ကြားရေးအချိန်က သိပ်မကြာတာမို့ ကျွန်တော်ဂရုတစိုက်လေ့လာခဲ့တဲ့ စာတွေကိုပဲ ရေးချဖို့ကြိုးစားလိုက်တော့တယ်၊ ဒါတွေက ကျွန်တော့်ရဲ့မှတ်စုတွေ၊ ဒါတွေကတော့ ဒေါက်တာကော့ချ်ရဲ့ ဆေးကုသမှုမှတ်တမ်းတစ်ချို့ရဲ့အချက်အလက်တွေ၊ ပြီးတော့ဒါတွေကတော့ အရမ်းကောင်းတယ်လို့ထင်တဲ့စာအုပ်တွေပါ၊ တခြားကျောင်းသားတွေကိုလည်းဝယ်ဖို့ အကြံပြုချင်တယ်"


မုန့်ယန် ကော့ချ်ဆီကနေ လေ့လာရင်း အတော်များများသင်ယူနိုင်ခဲ့တယ်။ ဒါတွေက တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေပဲ။ ဒီလိုမျိုးအရာတွေကို ကျောင်းမှာစာကျက်ရုံနဲ့ပဲ လေ့လာလို့မရဘူးလို့ ပြောလို့ရတယ်။

မှတ်စုတွေကို နည်းနည်းဖတ်ရှုပြီးတဲ့နောက် လင်းစုန့်ထိုက်နဲ့ ဒုဥက္ကဌတို့က သူတို့ငှားထားတဲ့ စိတ်ပညာရှင်ပရော်ဖက်ဆာဆီ ယူသွားပြမယ်လို့စီစဥ်လိုက်တယ်။ ဒါမှ ဒီအချက်အလက်တွေကိုတခြားကျောင်းသားတွေဆီ ဝေမျှဖို့ မုန့်ယန်နဲ့ပရော်ဖက်ဆာအတွက် ဘယ်လိုစီစဥ်ပေးရမလဲ ဆွေးနွေးလို့ရမှာ။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now