၃၅ ။

5.9K 649 15
                                    

မုန့်ယန်က လော့ရှိုး ရင်ခွင်ထဲ ဘေးတစ်စောင်းလှဲနေရင်း ခပ်ပြင်းပြင်းအသက်ရှူနေရတယ်။ သူအတော်လေး ငိုကြွေးထားခဲ့လို့ မျက်နှာပေါ်မှာလည်း မျက်ရည်စတွေနဲ့။ အဲအချိန်တုန်းက သူအတော်လေး နာကျင်ခဲ့ရပေမဲ့ အဆုံးစွန်သာယာမှုမျိုးလည်းရခဲ့တယ်။ အဆုံးမှာတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒါက သူ့ပထမဆုံးအကြိမ်လေ။ နာကျင်မှုနဲ့ သာယာမှုရောနေတဲ့ ခံစားချက်အတွေ့အကြုံက သူ့ကိုလှုံ့ဆော်လွန်းနေတဲ့အတွက် မျက်ရည်ပါကျမိတာပဲ။


မုန့်ယန် အသံက ခြောက်ကပ်ကပ်​ဖြစ်နေတဲ့အတွက် လော့ရှိူး အိပ်ရာပေါ်က ထပြီး ရေနွေးတစ်ခွက် ငှဲ့ပြီးတဲ့နောက် ရင်ခွင်ထဲထည့်ကာတိုက်လိုက်တယ်။

လော့ရှိူး ဖန်ခွက်ကို အိပ်ရာဘေးကစားပွဲပေါ်တင်ပြီး ဆက်လှဲကာ မုန့်ယန်ကိုဖက်ထားလိုက်တယ်။ သူ့ချစ်သူရဲ့လည်တိုင်ကြား မျက်နှာအပ်ပြီး ကိုယ်ပေါ်က သင်းပျံ့တဲ့ရနံ့ကို ရှုရှိုက်နေလေတယ်။

လော့ရှိူး ထင်ခဲ့တာက မုန့်ယန် ခန္ဓာကိုယ်ကနေ အိပ်ပျော်နေတော့မှ ဒီ ညှို့ဓာတ်ရှိပြီးချိုမြတဲ့ ရနံ့ ရတယ်ပေါ့။ ဒါပေမဲ့ သူတို့အတူနေပြီးတဲ့နောက်မှာ သူ့ချစ်သူခန္ဓာကိုယ်က အခုတော့ ပိုပြီးတောင် သင်းပျံ့လာပြီး သူ့ကိုစွဲမက်စေလေတယ်။

မုန့်ယန် လော့ရှိုးကိုခပ်တင်းတင်းဖက်လိုက်တယ်။ သူ့ခန္ဓာကိုယ်လေးက မသိမသာ တုန်ရီနေတုန်းပဲ။ သူ စောနလေးကတင် ခံစားထားရတဲ့ အတွေ့အထိတွေရဲ့ ခံစားချက်လှိုင်းတွေက လျော့မကျသွားသေးဘူး။

"လော့ရှူးရှ၊ ကလေးတစ်ယောက်လောက် ယူကြရအောင်" မုန့်ယန်က သူ့အက်ကွဲနေတဲ့ အသံနဲ့ ပြောလိုက်တယ်။

"ဟုတ်တယ်၊ ဒီချိန်က ကိုယ့်ကိုယ်ပိုင်ကလေးယူဖို့ အကောင်းဆုံးအချိန်ပဲ"

အခု သူတို့က အမှန်စင်စစ် အိမ်ထောင်သည်တွေဖြစ်သွားပြီမို့ လော့ရှိုး အနေနဲ့ သူ့ကိုယ်ပိုင်ကလေးကိုယူသင့်တဲ့ အကောင်းဆုံးအချိန်လို့ ခံစားရတယ့။ ပြီးတော့ သူ့အခုလက်ရှိ စွမ်းဆောင်ရည်နဲ့ ခွန်အားက မုန့်ယန်နဲ့ သူတို့ကလေးကို တည်ငြိမ်တဲ့ဘဝလေးပေးစွမ်းနိုင်ဖို့ လုံလောက်တယ်။ ပြီးတော့ သူ သည်းခံခဲ့တာနှစ်ပေါင်းများစွာကြာပြီ။ အခုချန်းမိသားစုကို ရင်ဆိုင်မဲ့ သူ့အစီအစဥ်နဲ့ လုပ်ရက်တွေကိုလည်း စတင်နိုင်ပြီ။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now