၆၄ ။

3K 338 3
                                    

"မုန့်ယန်"

ဒုဥက္ကဌစွင့်က မုန့်ယန်ဆီ လျှောက်လာလေတယ်။

မုန့်ယန်လှည့်ကြည့်လိုက်ပြီး လက်ပေါ်က ဖုန်အကြွင်းအကျန်တွေကို ပုတ်လိုက်ကာ မေးလိုက်တယ်။
"ဒုဥက္ကဌစွင့်၊ ကိစ္စတစ်ခုခုရှိလို့လား"

"နောက်တစ်ပတ်မင်းမှာ ဘာမှလုပ်စရာမရှိလောက်ဘူးမလား"

ဒါကိုမေးရခြင်းအကြောင်းက မုန့်ယန်တစ်ယောက် သူ့ကလေးကိုယ်ဝန်ရချိန်ကနေ မွေးဖွားပြီးချိန်ထိ ခွင့်အများကြီးယူခဲ့လို့ပဲ။

"နောက်တစ်ပတ်လား"
မုန့်ယန််စဥ်းစားကြီးပြီးတဲ့နောက် ပြောလိုက်တယ်။
"အတန်းတက်တာနဲ့ ကလေးကိုစောင့်ရှောက်ဖို့အိမ်ပြန်တာကလွဲရင် တခြားဘာကိစ္စမှမရှိပါဘူး"

"နောက်တစ်ပတ်ကျ နိုင်ငံခြားစိတ်ရောဂါကုထုံးအသင်းက ပညာရပ်နှီးနှေဖလှယ်ပွဲအတွက် ငါတို့ဌာနခွဲဆီလာတဲ့အ
ချိန် မင်းကို အစည်းအဝေးပွဲမှာ ဆရာကြီးလင်းရဲ့ လက်ထောက်အဖြစ် အစည်းအဝေးမှတ်တမ်းကို မှတ်တမ်းတင်ဖို့ ဥက္ကဌကပါဝင်စေချင်တယ်"

"အစည်းအဝေးမှတ်တမ်းပြုစုရေးလက်ထောက်အဖြစ် လုပ်ဖို့လား"
မုန့်ယန် တစ်ခဏ ကြောင်အသွားတယ်။
"ဒါက ပုံမှန်ဆို စီနီယာအဖွဲ့ဝင်တွေပဲ လုပ်ရတာမလား"

"အဲဒါလုပ်ဖို့အတွက် စီနီယာအဖွဲ့ဝင်ဖြစ်ရမယ်လို့ ရှင်းရှင်းလင်းလင်းပြဠာန်းထားတာမျိုးမရှိဘူး၊ မင်းက ဒီအလုပ်လုပ်ဖို့ အရည်အချင်းရှိတာပဲ၊ ဒါကြောင့် သေချာပေါက်ပြဿနာရှိမှာမဟုတ်ဘူး၊ ပြီးတော့ ပါဝင်မဲ့ ဂျူနီယာအဖွဲ့ဝင်ကလည်း မင်းပဲမဟုတ်ဘူး၊ အဲချိန်ကျ ထူးချွန်တဲ့ ဂျူနီယာအဖွဲ့ဝင်တစ်ချို့တက်ရောက်ဖို့အတွက် ဥက္ကဌက စီစဥ်ပေးမယ်တဲ့"

"ကောင်းပါပြီ၊ ကျွန်တော် ကောင်းကောင်းပြင်ဆင်ထားပါ့မယ်"
မုန့်ယန် ခေါင်းညိတ်ပြလိုက်တယ်။

ဒုဥက္ကဌက ပြန်လှည့်ထွက်တော့မဲ့ဆဲဆဲ ပြန်လှည့်လာပြီး တုံ့ဆိုင်းနေပြီးတဲ့နောက် ပြောလာတယ်။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now