၂၇ ။

6K 766 32
                                    

[Unicode]

မုန့်ယန် ပထမ ရတဲ့အတွက် စီနီယာအစ်ကိုအစ်မတွေက အောင်ပွဲခံဖို့ ကူညီပေးချင်ကြောင်းပြောကြတယ်။ လုယွင်ကျင်းကလည်း ကူညီပေးချင်တဲ့အတွက် မုန့်ယန်က ဟိုတယ်တစ်ခုမှာ လူတိုင်းအတွက် ဥယျာဉ်တစ်ခုနဲ့ ရေကူးကန်တစ်ကန်ပါတဲ့ ခပ်သေးသေး ပွဲကျင်းပရာခန်းမကို ဘိုကင်တင်ထားလိုက်တယ်။ သူက ရှောင်ခယ်နဲ့သူငယ်ချင်းတွေကိုပါ ဖိတ်လိုက်တယ်။ အရင်တစ်ခေါက် ဘားရန်ဖြစ်မှုအပြီးမှာ မုန့်ယန်က ရှောင်ခယ်နဲ့ တရားဝင်သူငယ်ချင်းတွေဖြစ်ဖို့အကြောင်းရင်းရသွားခဲ့ပြီ။

မုန့်ယန်က ရှောင်ခယ်မလာခင် စီနီယာအစ်ကိုအစ်မတွေနဲ့စကားပြောနေတယ်။ ရှောင်ခယ်က မုန့်ယန်ပထမနေရာကို အောင်ပွဲခံဖို့ သူစုဆောင်းတာတွေထဲက ဝိုင်ပုလင်းကောင်းတွေကိုယူလာတယ်။ သူနဲ့နှစ်ယောက်တည်းစကားပြောချင်တဲ့အတွက် မုန့်ယန်က ဘေးကိုခေါ်လာပြီး သူနဲ့အတူထိုင်ချလိုက်တယ်။

မုန့်ယန်က ရှောင်ခယ်ယူလာတဲ့ ဝိုင်နီပုလင်းကိုဖွင့်ပြီး အရသာမြည်းတော့ အတော်လေးကောင်းတယ်တွေးမိလိုက်တယ်။ သူ ရှောင်ခယ်နဲ့စကားပြောရင်း တစ်ခွက်ပြီးတစ်ခွက်သောက်မိနေတယ်။

"စုတိရောဘယ်လိုနေလဲ" မုန့်ယန်က မေးလိုက်တယ်။

"တခြား ဘာဖြစ်နိုင်မှာလဲ၊ ကောင်းကောင်းအိပ်နေတုန်းပေါ့" စုတိနာမည်ကိုကြားချိန် ဝမ်းနည်းမှု တစ်စွန်းတစ်စက ရှောင့်ခယ်မျက်ဝန်းထဲဖြတ်ပြေးသွားလေတယ်။ သူက ခါးခါးသက်သက်ပြုံးလိုက်ပြီး ပြောလိုက်တယ်။
"သူက အရင်တုန်းက အရမ်းနာကျင်ခဲ့ရလို့များ အခုအိပ်ပဲအိပ်ပြီး ပြန်မနိုးလာချင်တော့တာနေမယ်"

"ဖြစ်နိုင်တာက သူ တကယ်ပင်ပန်းနေပြီး ကောင်းကောင်း အနားယူချင်တာဖြစ်မယ်၊ ဒါကြောင့်သိပ်မစိုးရိမ်ပါနဲ့၊ သူအိပ်ရေးဝဝအိပ်ပြီးရင် သေချာပေါက် နိုးလာမှာပါ" မုန့်ယန်က နှစ်သိမ့်လိုက်တယ်။ သူ့အရင်ဘဝက စုတိကတော့ နိုးမလာခဲ့ပေမဲ့ မုန့်မျိုးရိုးကနေလက်ဆင့်ကမ်းလာတဲ့စာအုပ်တွေထဲကိုမာရလူနာကို ဘယ်လိုနှိုးရမလဲနည်းလမ်းတွေရှိတယ်။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now