၄၄ ။

4.3K 509 12
                                    

လော့ရှိုး မုန့်ယန်ပေါင်ပေါ် ခေါင်းအုံးအုံးနေလိုက်တယ်။ မုန့်ယန် လော့ရှိုးခေါင်းကို နှိပ်နယ်ပေးနေရင်း နေ့လယ်တုန်းက အမွှေးရနံ့ကုထုံးbranch က အဖြစ်အပျက်တွေကို ပြန်ပြောပြလိုက်တယ်။


လော့ရှိုး မုန့်ယန် နှိပ်နယ်ပေးတာကြောင့် သက်တောင့်သက်သာရှိလွန်းလို့ သူ့ပျော်ရွှင်နေတဲ့ဦးနှောက်က တကယ်ကိုဗလာနတ္တိဖြစ်နေတာပေါ့။ မုန့်ယန်စကားလုံးတွေကိုနားထဲ ကြားပေမဲ့ စဥ်းစားနေတာမဟုတ်တာမို့ သူ မုန့်ယန်ကို ပြန်မဖြေဖြစ်ဘူး။

"ကျွန်တော်ပြောတာကြားရဲ့လား"
သူတိတ်နေတာမြင်တော့ မုန့်ယန်က မကျေမနပ်နဲ့ နှာခေါင်းကိုဆွဲဆိတ်လိုက်တယ်။

လော့ရှိုး နောက်ဆုံးတော့ အသိစိတ်ပြန်ဝင်လာတယ်။
"အင်း၊ ကိုယ်နားထောင်နေပါတယ်၊ ဆက်ပြောလေ"

မုန့်ယန် သူ့စိုးရိမ်မှုတွေကို ဆက်ပြီးပြောပြလိုက်တယ်။
"ဦးပြောသလို အမွှေး ရနံ့ကုထုံးbranchကိုဝင်ရင် ကျွန်တော်ပိုပြီး သင်ယူနိုင်တယ်ဆိုပေမဲ့ အမွှေး ရနံ့ကုထုံးbranchက ရေတွေက သိပ်ပြီး နက်တယ်လို့ကြားဖူးတယ်[၁]၊ ကျွန်တော်က အတွေ့အကြုံနည်းနည်းလေးပဲရှိတာ၊ ပြီးတော့အဲလိုကိစ္စမျိုးတွေမှာလည်း မတော်ဘူး၊ ဗျူဟာချတဲ့အကြောင်းပြောရင် ကျွန်တော်က ဦးရဲ့လက်ညှိုးလေးတစ်ချောင်းစာလောက်တောင် မတော်ဘူး၊ ကျွန်တော်မှားပြီးတွက်ချက်မိရင် ဘယ်လိုလုပ်မလဲ"
[T/N- နောက်ခံ၊အသိုင််းအဝိုင်း စရိုက်တွေ အရမ်းရှုပ်ထွေးပြီး ခန့်မှန်းမရတာကိုပြောတာပါ၊ ပါဝင်ပတ်သတ်မိလို့ သတိမထားမိရင် အန္တရာယ်ဖြစ်နိုင်တာမျိုးပါ]

လော့ရှိုးထထိုင်ကာ မုန့်ယန်ကို ရင်ခွင်ထဲ ထည့်လိုက်တယ်။
"မစိုးရိမ်ပါနဲ့၊ ကလေးက အသက်ငယ်ပြီး အတွေ့အကြုံနည်းသေးပေမဲ့ ဥာဏ်ကောင်းပြီး သင်ယူတာမြန်တယ်လေ၊ ကလေး သတိလုံလုံလောက်လောက်ထားသရွေ့ အလွယ်တကူအရူးလုပ်ခံရမှာမဟုတ်ပါဘူး၊ ကိုယ် ကလေးကိုအရာအားလုံး ထောက်ပံ့ပေးမယ်၊ ဒါဆို ရေအနက်ကို စိုးရိမ်ဖို့ မလိုတော့ဘူး၊ ဘယ်လို ရေကူးရမလဲသင်ပေးမယ်၊ က​လေး သင်ယူချိန်ကျ ရေနက်ထဲကူးရတဲ့ပျော်ရွှင်မှူကို နားလည်သွားလိမ့်မယ်"

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now