၂၁ ။

5.9K 850 40
                                    

[Unicode]

ရွှီဝမ်ယာ့က မုန့်ယန်ကို ပြဿနာရှာမိတဲ့အတွက် မျက်နှာပျက်သွားခဲ့ရပြီး ဒေါသထွက်သွားတယ်။ ဒါပေမဲ့ သူ ဒေါသထွက်တာက ယွီကျွင်းချန် မုန့်ယန်ကို မနိုင်လို့မဟုတ်ဘူး။ သူ ဒေါသထွက်ရတာက သူ ဒီလောက်အထိအသက်ရွယ်ပြီး မမြင်ဖူးတဲ့မြင်ကွင်းမရှိတော့တာတောင် သူ့မျက်လုံးထဲတစ်ခါမှဝင်မလာဖူးတဲ့ ကျောင်းသားတစ်ယောက်ကြောင့် အရှက်ကွဲသွားလို့ပဲ။

ရွှီဝမ်ယာ့က မုန့်ယန်ရဲ့ အနံ့ခံစွမ်းရည်ဟာ အတော်လေး ကောင်းတယ်ဆိုတာတော့ ဝန်ခံရမယ်။ ဒီအဖြစ်အပျက်ပေါ်ပေါက်လာရတာက သူမုန့်ယန်ကို အထင်သေးမိတဲ့အတွက် သည်းခံရတော့မယ်။

ဒါပေမဲ့ မုန့်ယန်က ယွီကျွင်းချန်ထက်သာတယ်လို့တော့ သူမထင်သေးဘူး။ ရနံ့ခံကောင်းတာမျိုးက အရေးကြီးတဲ့အဖိုးတန်အရည်အချင်းဆိုပေမဲ့ ရေမွှေးစပ်ရာမှာ အရည်အချင်းကတော့ သဘောပေါက်နားလည်နိုင်စွမ်းပေါ် အဓိက မှီခိုလေတယ်။ ပြီးတော့ ယွီကျွင်းချန်က သူ လက်ခံခဲ့သမျှထဲ အတော်ဆုံး ကျောင်းသားဖြစ်တယ်။ သူ့အနာဂတ် ဖြစ်ထွန်းမှုက အရမ်းကို အံ့သြဖို့ကောင်းပြီး အနာဂတ်မှာ ယွီကျွင်းချန် ဖြစ်ထွန်းတာက သူ့ကိုပါကျော်သွားနိုင်တယ်လို့ ယုံကြည်နေတယ်။ ဒါပေမဲ့ မုန့်ယန် ယွီကျွင်းချန်ကို အရည်အချင်းပိုင်းဆိုင်ရာမှာ ကျော်ဖို့တော့ မဖြစ်နိုင်ဘူး။ အတိတ်နှစ်တွေတုန်းက သူ တစ်ခါမှ သူ့ထင်မြင်ချက်ကမလွဲဖူးဘူးလေ။

မုန့်ယန်နဲ့ပြိုင်တဲ့စမ်းသပ်မှုရှုံးသွားတဲ့အတွက် ယွီကျွင်းချန်က အတော်လေးစိတ်ဓာတ်ကျနေတယ်။ တစ်ချိန်တည်းမှာပဲ
ရွှီဝမ်ယာ့က သူ့ကို ဒီကျရှုံးမှုအတွက်အပြစ်တင်မှာကိုလည်းစိုးရိမ်နေမိတယ်။ သူ့စီနီယာအစ်ကို ဝမ်ယွမ်ဆီကနေ ရွှီဝမ်ယာ့သူ့ကိုစိတ်မဆိုးကြောင်းနဲ့ မုန့်ယန် ဘယ်တော့မှ သူ့ကိုကျော်မတက်နိုင်ဘူးလို့ပါထင်နေကြောင်း သိရမှစိတ်အေးသွားတယ်။

ပညာရှင်တွေ စာသင်ခန်းထဲက ထွက်သွားပြီးတဲ့နောက် ကျောင်းသားတွေလည်းအပြင်ထွက်လာပြီး မုန့်ယန်နဲ့ယွီကျွင်းချန်ရဲ့ ရနံ့ပြိုင်ပွဲအကြောင်း ဆွေးနွေးကုန်ကြတယ်။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now