၈၄ ။

2.6K 280 1
                                    

ဗီလာဆီ ပြန်လာပြီးတဲ့နောက် မုန့်ယန် ချက်ချင်း ကလေးကို နာနီဆီကနေ ချီလိုက်တယ်။


ကလေးက သူမပါဘဲ မုန့်ယန်နဲ့လော့ရှိုး တိတ်တဆိတ် ထွက်ပြေးသွားခဲ့တာကို  အပြစ်တင်ဟန် အော်ဟစ်နေရှာတယ်။

မုန့်ယန်က ပြုံးပြီး ကလေးရဲ့ နူးညံ့ဖြူအုနေတဲ့ မျက်နှာလေးကို နမ်းလိုက်ကာ စိတ်ထဲကနေ စဉ်းစားလိုက်တယ်။ ဒီနေ့ကစပြီး ပူပင်သောကမရောက်တော့ဘူး၊ ဝမ်းမနည်းတော့ဘူး၊ အတိတ်ကို သတိရဖို့မလိုတော့ဘူး၊ ဒီလိုမျိုး ပျော်ရွှင်စရာကောင်းတဲ့ဘဝမှာ နေထိုင်ကြရအောင်လို့ ‌တွေးလိုက်တယ်။

မုန့်ယန် လော့ရှိုးကိုလှမ်းကြည့်လိုက်တယ်။ လော့ရှိုး မုန့်ယန် မျက်ဝန်းတွေကိုမြင်တော့ သူ့ဘေးဆီလျှောက်လာကာ ရင်ခွင်ထဲဖက်ပြီး နမ်းလိုက်တယ်။

    ‌
ကလေးက သူတို့နှစ်ယောက်ကိုမော့ကြည့်ပြီး သူ့လက်ချောင်းတုတ်တုတ်လေးတွေကို သူတို့ပါးစပ်ထဲထည့်ဖို့ လက်ဆန့်တန်းလာလေတယ်။

နေ့လယ်စာစားပြီးတဲ့နောက် ဝူဖုန်းတို့တွေ မုန့်ယန်နဲ့ စကားပြောဖို့ရောက်လာကြတယ်။ မုန့်ယန်က သူတို့ကို ပထမထပ်က နားနေခန်းဆီ ခေါ်သွားခိုင်းပြီး ထိုင်ခိုင်းလိုက်တယ်။ ကလေးကို ချော့သိပ်ပြီးတဲ့နောက် သူတို့နဲ့တွေ့ဖို့ အောက်ထပ်ဆင်းလာခဲ့လိုက်တယ်။

    

"ဒီခြံဝန်းက တကယ်ကောင်းတာပဲ" ဝူဖုန်းက တံခါးဘေးရပ်ရင်း တောင်တန်းကျောက်ဆောင်တွေ၊ စီးဆင်းနေတဲ့ရေနဲ့၊ ခြံဝန်းထဲမှာရှိတဲ့ ထူးထူးဆန်းဆန်း ပန်းပင်တွေ၊ အပင်တွေကို ကြည့်နေတယ်။
"ဒီလို မက်မောစရာအလှကိုမြင်တော့ ငါ နည်းနည်း ရိုင်းပျမိတာလေး မပြောဘဲ မနေနိုင်တော့ဘူး၊ ပိုက်ဆံရှိရတာ တကယ်ကောင်းတာပဲ"

မုန့်ယန် ရေနွေးတစ်ငုံသောက်လိုက်တယ်။
"ပိုက်ဆံရှိတာကောင်းပေမဲ့ တာဝန်ယူရတဲ့ ဖိအားကလည်း ပုံမှန်ကြီးမားတာမျိုးမဟုတ်ဘူး"

ကျောက်ယီက သူ့ လက်ဖက်ရည်ခွက်နဲ့  မျက်နှာတစ်ဝက် ကာထားလိုက်ပြီး နှုတ်ခမ်းတွေကွေးသွားခဲ့တယ်။ သူ့နှလုံးသားထဲက မနာလိုမှုဟာ ဆက်ပြီးကြီးထွားလာခဲ့တယ်။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now