၄၀ ။

5.1K 586 8
                                    

ဒီနေ့မုန့်ယန်၊ စီနီယာအစ်ကိုအစ်မတွေ နဲ့ တခြားပညာရှင်တွေရဲ့တပည့်တွေက အမွှေး ရနံ့ကုထုံးbranch ဆီ လင်းစုန့်ထိုက်နောက်ကနေလိုက်လာကြတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် က လည်ပတ်သင်ယူတာအပြင် နောက်ထပ်ရည်ရွယ်ချက်တစ်ခုလည်းရှိသေးတယ်။ ဒါကတော့ ထောက်ခံချက်ရရှိထားတဲ့ကျောင်းသားတွေအနေနဲ့ အကြိုအဖွဲ့ဝင် စာမေးပွဲဖြေဖို့ပဲ။ ဒါက ပညာရှင်တစ်ယောက်ရဲ့ တပည့်ဖြစ်ရတဲ့ နောက်ထပ်အကျိုးကျေးဇူးပဲ။

"ဒီကရှုခင်းတွေက တကယ်ကကောင်းတယ်"
မုန့်ယန်က ဝူဖုန်းကိုပြောလိုက်တယ်။

ဒီနေရာက သူတို့တက္ကသိုလ်ထက် ပိုပြီးကြီးတယ်။ နားနေဆောင်တွေ၊ မျှော်စင်တွေနဲ့ ရေကန်တွေနဲ့ ရှေးဟောင်းဥယျာဥ်တစ်ခုထဲ တည်ဆောက်ထားတာဖြစ်တယ်။ ရှုခင်းက လှပပြီးတိတ်ဆိတ်ကာ ပြန်လည်အားအင်ဖြည့်တင်းဖို့ နေရာကောင်းလည်းဖြစ်တယ်။

"မြင်ကွင်းကတော့ ကောင်းပါရဲ့၊ ဒါပေမဲ့ ဒီကလူတွေကတော့ အဲလိုမဟုတ်ဘူး"
တခြားပညာရှင်တွေရဲ့ တပည့်တွေရှိနေတာကြောင့် ဝူဖုန်း အသံကိုနှိမ့်ကာတီးတိုးပြောလိုက်တယ်။
"တရားဝင်အဖွဲ့ဝင်မပြောနဲ့ အရန်အဖွဲ့ဝင်​ဖြစ်ရင်တောင် မျက်နှာထားတွေချီနေကြတာ၊ သူတို့ကိုယ်သူတို့ ကြီးမြတ်တယ်ထင်နေတာက တကယ်စိတ်ရှုပ်စရာကောင်းလွန်းတယ်"

မုန့်ယန် လင်းစုန့်ထိုက်ရဲ့ တပည့်မဖြစ်လာခင်တုန်းက ဝူဖုန်းနဲ့ တခြားသူတွေ ဒီနေရာကို လင်းစုန့်ထိုက်နဲ့အတူ ခဏခဏလာလည်ဖူးတယ်။ ဝူဖုန်းဒီလိုမျိုးအရာကိုပြောဖို့က သူအရင်လာလည်ခဲ့ချိန် စိတ်မကျေနပ်စရာရှိခဲ့တယ်လို့ဆိုလိုတာပဲ။

မုန့်ယန် ပြုံးလိုက်တယ်။
"အရန်အဖွဲ့ဝင်ဖြစ်ချင်ရင်တောင် အကန့်အသတ်က အတော်လေးမြင့်တယ်လို့ကြားဖူးတယ်၊ စာမေးပွဲလုပ်ငန်းစဥ်ကလည်း အတော်တင်းကြပ်ပြီး ပညာရှင်ငါးယောက်လုံးရဲ့ ခွင့်ပြုမှုကိုလိုသေးတယ်ဆို"

"တကယ်အဲလိုပဲ" ဝူဖုန်းက နှုတ်ခမ်းတွေကွေးရင်းတုံ့ဆိုင်းစွာ ဆိုလိုက်တယ်။
"စီနီယာတစ်ချို့က စာမေးပွဲအောင်သွားပြီးပြီ၊ အရင်တစ်ခေါက်က ငါလည်း စာမေးပွဲအောင်ဖို့ အမှတ်နည်းနည်းပဲလိုတော့တာ၊ စာမေးပွဲအောင်သွားတာနဲ့ အဲမှာ ငါတို့ ဆရာရှိနေမှာမို့ တခြားပညာရှင်လေးယောက်သဘောတူမှာကလည်း သာမန်ကိစ္စရပ်ပဲ၊ ဒါကြောင့် အရန်အဖွဲ့ဝင်အများစု အရင်းခံကတော့ ပညာရှင်တွေရဲ့ ကျောင်းသားတွေ ဖြစ်နေကြတာ"

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now