၅၇ ။

3.9K 444 6
                                    

"လူသတ်မှုတဲ့လား၊ မင်းတို့ ဖန်တီးခဲ့တဲ့ ကားမတော်တဆမှုကမှ လူသတ်မှုကွ၊ ဒါဘယ်လိုလူသတ်မှုမျိုးလဲ၊ ငါအဲတုန်းက မင်းတို့သက်သေကိုမရခဲ့ဘူး၊ အခုငါ့သက်သေကိုရော မင်းတို့ငါ့သက်သေရသွားမှာကို ခွင့်ပြုမယ်ထင်နေလို့လား"

လော့ရှိုးက အေးတိအေးစက်ပြောလိုက်တယ်။
"မင်းတို့ ငါ့ကိုတရားသွားစွဲလေ၊ မင်းတို့ရှေ့နေစာကို ငါစောင့်နေမယ်"

ချန်းညီအစ််ကိုနှစ်ယောက် ဒေါသထွက်လွန်းလို့ လော့ရှိုးကိုထိုးကြိတ်ချင်သွားတယ်။ ဒါပေမဲ့ ဒါက လော့မိသားစုရဲ့ပင်မအိမ်ဖြစ်နေတယ်။ ဒီနေရာမှာလော့ရှိုးကိုပြဿနာရှာရင် သူတို့သေတွင်းသူတို့တူးသလိုဖြစ်သွားလိမ့်မယ်။

"တခြားလူတွေကိုခေါ်လိုက်၊ ​မြန်မြန်!" ချန်းခန်းက ကိုယ်ရံတော်ကိုပြောလိုက်တယ်။
"လူများလေကောင်းလေပဲ!"

"ထပ်စောင့်လို့မဖြစ်တော့ဘူး၊ ကားရဲ့ကန့်လန့်ကာ အပြားကိုဖြုတ်ပြီး မြန်မြန်ရွှေ့လာခဲ့လိုက်!"

ကိုယ်ရံတော်တွေလည်း ခက်ခက်ခဲခဲနဲ့ သုံးလို့ရတဲ့ ကိရိယာတွေရှာပြီးမှ ကားရဲ့ခေါင်းခန်းနဲ့ခရီးသည်ထိုင်ခုံကို ကာပေးထားတဲ့ အကာပြားကိုဖြုတ်လို့ရသွားခဲ့တယ်။

ချန်းခန်းနဲ့ချန်းစန်းတို့ရဲ့ အမိန့်ပေးမှု​​အောက်
အကန့်ပြားကို ယူလာပြီးတဲ့နောက် ကိုယ်ရံတော်တွေက သခင်ကြီးချန်းကို ဂရုတစိုက်တင်ပေးလိုက်ကြတယ်။ ပြီးတော့ သခင်ကြီးချန်းက သက်သာလာပုံပေါက်ပြီး စောနကဖြစ်သွားခဲ့တာလောက် မဆိုးတော့သလိုပဲ။

လော့ရှိုး စိတ်ထဲ စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုက်တယ်။ ယာဥ်တစ်စီးမှောက်ပြီး ကုန်ပစ္စည်းတွေပြုတ်ကျကာ လမ်းပိတ်ထားတာမျိုးက အဓိပ္ပါယ်ရှိသေးတယ်။ တကယ်လို့ သူ့လူတွေကိုချန်းမိသားစု ထွက်သွားမှာကိုသာ တားခိုင်းလိုက်ရင် လူသတ်မှုဆိုပြီး သက်သေကိုတကယ်ဖမ်းဆုတ်လိုက်လိမ့်မယ်။ ပြီးတော့ သခင်ကြီးချန်း သိပ်ပြီးအခြေအနေမဆိုးတော့တဲ့ပုံမို့ ဒီအခွင့်အရေးက အချည်းနှီး အလကားဖြစ်သွားရပြီ။

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now