၄၈ ။

4.4K 475 4
                                    

အပြင်မှာစောင့်နေတဲ့ လော့ရှိုးအတွက် စက္ကန့်တိုင်းက နှစ်နဲ့ချီ ကြာနေသလိုဖြစ်ပေမဲ့ မုန့်ယန်စိတ်ထဲမှာတော့ အချိန်က ရပ်တန့်နေပုံပေါ်ပြီး အချိန်ကုန်ဆုံးမှုကိုလုံးဝမခံစားရတဲ့ အိပ်မက်နက်ကြီးထဲ ရောက်နေရတယ်။

မုန့်ယန် သူမေ့မျောသွားခဲ့ကြောင်းနဲ့ လော့ရှိုး အခုဆို စိုးရိမ်ပူပန်နေမယ်ဆိုတာသိတယ်။ သူ အလျင်အမြန်နိုးရမယ်ဆိုတာ သိပေမဲ့ ဘယ်လို ပြန်နိုးထရမလဲမသိဘူး။

မုန့်ယန် အလျင်အမြန် နိုးထဖို့ ပြင်းပြင်းထန်ထန်ကြိုးစားနေချိန်မှာပဲ ရုတ်တရက် ကလေးငိုသံကြားလိုက်ရတယ်။ အစတုန်းက သူနားကြားမှားတယ်ထင်ခဲ့ပေမဲ့ ကလေးငိုသံက ပိုသိသာလာတယ်။ အသံလာရာ လျှောက်လာရင်း မြေကြီးပေါ် တောက်ပနေတဲ့ အလင်းရောင်ကိုမြင်လိုက်ပြီး ကလေးလေး တစ်ယောက်က အလင်းရောင်ထဲ လှဲနေလေတယ်။

မုန့်ယန် အလျင်အမြန် လျှောက်သွားလိုက်ပြီး ထိုင်ချကာ ကလေးကို ဂရုတစိုက်နဲ့ ကောက်ချီလိုက်တယ်။ ကလေးက သူ့ရင်ခွင်ထဲရောက်ချိန် ငိုတာရပ်သွားခဲ့တယ်။ မုန့်ယန် အရမ်းသဘောကျလွန်းလို့ ဒီ ဖြူအုပြီး နူးညံ့လှတဲ့ ကောင်လေးကို တစိမ့်စိမ့်နဲ့ ကြည့်နေမိတယ်။ ဒါကြောင့် မုန့်ယန်က ကလေးကိုသာ ချီထားပြီး ချော့သိပ်နေမိတာ ဘယ်လောက်ထိ ကြာညောင်းသွားခဲ့လဲသူသတိမထားမိတော့ပေမဲ့ ရုတ်တရက် လော့ရှိုးက သူ့ကိုစောင့်နေသေးတယ်ဆိုတာ သတိရသွားပြီး အလင်းရောင်တစ်လူက သူ့မျက်စိရှေ့ပေါ်လာခဲ့တယ်။

မုန့်ယန် မျက်လုံးဖွင့်ဖွင့်ချင်း လော့ရှိုးက သူ့ကို စူးစိုက်ပြီးတယုတယကြည့်နေတာမြင်လိုက်ရတယ်။
"လော့ရှူးရှု၊ ကလေးက..."

လော့ရှိုးက သူ့မျက်နှာကိုကိုင်ပြီး နူဖူးကိုနမ်းရှိုက်လေတယ်။
"ကလေးလေး အခြေအနေကောင်းတယ်၊ ကလေးလည်း အခြေအနေကောင်းတယ်၊ မစိုးရိမ်နဲ့တော့နော်"

"အခြေအနေကောင်းတယ်လား" မုန့်ယန် အစက သူ ကလေးလေးတစ်ယောက် အိပ်မက်မက်ခဲ့တဲ့အကြောင်းပြောချင်လို့။ လော့ရှိုးက ဘာကြောင့်ကလေးလေးက အခြေအနေကောင်းတယ်ပြောရ​တာလဲ"

Sugar Daddyနှင့်ကျွန်တော် [မြန်မာဘာသာပြန်] [Completed]Where stories live. Discover now