Chapter (5)

1.6K 296 8
                                    

Chapter (5)

Act 1: The Sound of Music (3)
"ဂီတတူရိယာတဲ့လား??" "ဘာဂျာကိုရော ထည့်စဥ်းစားလို့ရလား??"

အဆုံးမှာတော့ ထန်ယီမင် ဂျော့ခ်ျရဲ့မျက်နှာကိုကြည့်ပြီး သူ့ကောင်မလေး ရှောင်လွေ့ရဲ့အလုပ်ကို လုပ်ပေးဖို့ သဘောတူလိုက်သည်။

ဤသည်မှာ “ ညှင်းသဲ့ တေးသံ ” ဟုခေါ်သောတရုတ်စတိုင်လ် ကာတွန်းကားတစ်ခုဖြစ်သည်။ ၎င်းသည် သိပ်အရှည်ကြီးမဟုတ်ဘဲ ဆယ့်သုံးမိနစ်နှင့် နှစ်ဆယ့်ရှစ်စက္ကန့်သာဖြစ်သည်။ နောက်ဆုံးရေးဆွဲမှု မပြီး​သေးသဖြင့် ရှောင်လွေ့သည် အသံသွင်းခြင်းအတွက် ထန်ယီမင်အား သရုပ်ပြတစ်ခုသာ ပြုလုပ်ပေးနိုင်သည်။

ထန်ယီမင်မှာ ကာတွန်းအသံသွင်းခြင်းသည် သူအရင်ကလုပ်ခဲ့သော ရေဒီယိုဒရမ်မာများနှင့် ဆင်တူသည်ဟု မူလကထင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူ့အဆောင်ထဲတွင် အသံသွင်းတာကို ပြီးစီးအောင်လုပ်နိုင်သရွေ့အဆင်ပြေပြီး သူ့တွင်လည်း ပစ္စည်းကိရိယာများ ရှိ၏။

သို့သော် ရှောင်လွေ့သည် အသံသွင်းစတူဒီယိုတစ်ခုကိုငှားထားခဲ့ကာ လိပ်စာကို သူ့ထံသို့ မေးလ်ပို့လာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

ထန်ယီမင် တစ်ချက်ကြည့်လိုက်ရာ ၎င်းသည် ဤလောက၌ နာမည်ကြီးပရော်ဖက်ရှင်နယ် အသံသွင်းစတူဒီယိုတစ်ခုဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။  အလွတ်တန်း ဂီတပညာရှင်များနှင့် ဓာတ်ပြားကုမ္ပဏီငယ် များစွာတို့သည် ဤနေရာတွင် အသံသွင်းလေ့ရှိကြသည်။

ထန်ယီမင် : " ... "

သူသည် ဤကိစ္စကို ပေါ့ပေါ့ဆဆသာထင်နေခဲ့၏။ သို့သော် ယခုသည် အလွန်လေးနက်နေသောကြောင့် သူ မလွဲဧကန်ပင် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။

ဂျော့ခ်ျသည် သူ၏တင်းကြပ်နေသော အပြုအမူကြောင့် စိတ်ရှုပ်နေ၏။

ဂျော့ခ်ျက " မင်းအဆောင်ခန်းထဲမှာလည်း မိုက်ခရိုဖုန်းနဲ့ စကားပြောနေကြလေ. . . အမြဲတမ်း ဖြောင့်ဖြူးနေတာပဲဟာကို! အခု နေရာလေးပြောင်းသွားတာကို ဘာလို့စိတ်လှုပ်ရှားနေတာလဲ?? "

ထန်ယီမင်က သူ့ကိုပြန်မေးလိုက်သည်။ " ဒါဆို ကုဒ်ရိုက်တာတွေကရော အတူတူဘဲလို့ မင်းထင်လား?? မင်းစာကြည့်တိုက်မှာ စိတ်လွတ်လက်လွတ်လုပ်ရတာနဲ့ ပရိုဂမ်မာပြိုင်ပွဲကိုသွားပြီး ပြိုင်ရတဲ့အချိန် ခံစားချက်ခြင်း တူလို့လား "

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now