Chapter (7)

1.2K 256 7
                                    

Chapter (7)

Act 1: The Sound of Music (5)
ရေဒီယိုဇာတ်လမ်းတွဲကုမ္ပဏီက အဖွဲ့ဝင်သစ်တွေ စုဆောင်းနေတယ်

" ညှင်းသဲ့ တေးသံ " ကာတွန်းကားသည် ၁၉၇၀ ခုနှစ်များက ကျေးလက်ဒေသမှမွေးဖွားလာသော ကောင်လေးတစ်ယောက်သည် ကိုယ်ပိုင်ကြိုးစားအားထုတ်မှုများဖြင့် တောင်ပေါ်ရွာကလေးမှ တစ်လှမ်းချင်းလျှောက်လှမ်းခဲ့ကာ သူ၏အတန်းဖော်ဟောင်းများ၊ ဆွေမျိုးများ၊ သူငယ်ချင်းများနှင့် ချစ်ရသူများအား နှုတ်ဆက်ခဲ့သည်။ သူသည် သမုဒ္ဒရာများကိုတစ်ဦးတည်းဖြတ်သန်းကာ အမေရိကန်ပြည်ထောင်စု၌ အခြေချခဲ့၏။ နေ့ရက်များစွာ၊ အိပ်မက်များစွာက သူ့ကို ရှေ့ဆက်ရန်သာ တိုက်တွန်းနေခဲ့သည်။  မရေတွက်နိုင်သောညများ၊ လွမ်းဆွတ်တမ်းတခြင်းများအဆုံး၌ ရိကျင်သည်အောင်မြင်လာပြီး သူ့ဇာတိမြို့သို့ ပြန်လာခဲ့သည်။ အထီးကျန်နေ့ရက်များစွာကို ကျော်ဖြတ်ခဲ့ပြီးနောက် တောင်ပေါ်ရွာငယ်လေးသည်လည်း ကြာမြင့်စွာကတည်းက ပြောင်းလဲသွားပြီဖြစ်သည်ကို သူတွေ့ရှိခဲ့သည်။  မပြောင်းလဲဘဲ ကျန်နေသည့်တစ်ခုတည်းသောအရာသည် နေဝင်ပြီးနောက် လမ်းမပေါ်ရှိ ခေါင်းလောင်းသံများသာဖြစ်သည်။ ဒါပေမယ့် ... အိမ်ဆိုတာက ဘယ်မှာလဲ??

ဤအရာသည် လွမ်းဆွတ်ခြင်းနှင့် အထီးကျန်ခြင်းတို့နှင့်ပြည့်သိပ်နေသော စာပေဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ၎င်းသည် နောက်ဆုံးပေါ်ကာတွန်းနည်းပညာနှင့်ပေါင်းစပ်ထားသော တရုတ်မှင်ပန်းချီပုံစံဖြစ်၏။ ရှန်ရှောင်လွေ့နှင့် သူမ၏အတန်းဖော်များသည် သူတို့အလုပ်အပေါ် ယုံကြည်မှုအပြည့်ရှိနေခဲ့ကြသည်။

သို့သော် သူတို့သည် ဒီအတွက် သင့်တော်သော အမျိုးသားအသံသရုပ်ဆောင်ကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။

အမျိုးသားသရုပ်ဆောင်၏ အင်္ဂလိပ်စကားသံမှာ ကျွမ်းကျင်သွက်လက်စွာနှင့် အလွန်အမင်း အမေရိကန်စတိုင် ဖြစ်နေရန်မလိုအပ်သော်လည်း ပရိသတ်ကို သက်တောင့်သက်သာ ရှိစေရမည်ဖြစ်သည်။ အနူးညံ့ဆုံးသောဓား၊ အနူးညံ့ဆုံးသော ကျောက်တုံးကဲ့သို့ ပရိသတ်နှလုံးသားထဲကို အကြီးအကျယ် စိမ့်ဝင်စေရမည်သာ။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now