Chapter (18)

945 220 6
                                    

Chapter (18)

Act 3 : Rachmaninoff (5)
ခန့်မှန်း : ခင်ဗျားကျွန်တော်နဲ့ ဟာမိုနီလိုက်ပေးလို့ ရမလား??

ဟွားဝူအထက်တန်းကျောင်းတွင် အလွန်တင်းကျပ်သော အချိန်ဇယားတစ်ခုရှိ၏။ ကျောင်းသားများသည် မနက် ၅ : ၃၀ တွင် အိပ်ယာထကြရကာ နံနက် ၆ : ၀၀ တွင်တော့ နံနက်ခင်းလေ့ကျင့်ခန်းလုပ်ခြင်း၊ အခြေခံကျကျ ပရော်ဖက်ရှင်နယ်လေ့လာမှုများ၊ နေလည်ခင်းတွင် ယဉ်ကျေးမှုသင်ခန်းစာများနှင့် ညနေ ၈ နာရီတွင်တော့ ကိုယ်တိုင်စာလေ့လာခြင်းဖြင့် အဆုံးသတ်စေ၏။ ကျောင်းသားများသည် ညဆယ်နာရီတွင် လေ့ကျင့်ခန်းလုပ်ကြခြင်း သို့မဟုတ် ညဆယ်နာရီခွဲ မီးပိတ်သည့်အချိန်တွင် အိပ်ယာသို့တိုက်ရိုက်သွားရပေသည်။

ရှန်းချိုက်သည် ညပိုင်းလေ့ကျင့်ခန်းလုပ်ရန် အတွေးရှိထားသော်လည်း သူသည် နတ်ဘုရားကြီးဝမ်ချင်းယွမ်၏ အစမ်းသရုပ်ပြကိုနားထောင်ကာ ထိုသူ့အတွက် ရှည်လျားသောသုံးသပ်စာကို ရေးပေးမည်ဟု ကတိပြုထားသည်ပင်။

ကံကောင်းထောက်မစွာပင်၊ ထိုအစမ်းပြသချက်က သိပ်မကြာပေ။ ခြေထောက်နှစ်ဖက်ဆင်းကာ အပီအပြင်ထိုင်နိုင်ဖို့ တိတ်ဆိတ်သည့်ထောင့်တစ်ခုကို သူတွေ့လိုက်ရ၏။ လေ့ကျင့်ခန်းလုပ်နေစဉ် ထိုဗီဒီယိုကိုဖွင့်ကြည့်ချင်သော်လည်း အခြားသူများကြား၍မရသောကြောင့် ချီကျိထံမှ နားကြပ်သွားငှားလိုက်သည်။

ချီကျိက " နင့်မှာ မရှိဘူးလား??"

ရှန်းချိုက်သည် တွန့်ကြေပျက်စီးနေသောနားကြပ်ကြိုးကို သူ့အိတ်ကပ်ထဲမှ ဆွဲထုတ်ပြလိုက်၏။  နားကြပ်များသည် စျေးသက်သာသော သူ့ Android ဖုန်းနှင့် အခမဲ့ပါလာခြင်းဖြစ်ပြီး အရည်အသွေးလည်း ညံ့ဖျင်းကြသည်။ သူသည် ထိုအရာများကို ကာလကြာရှည်စွာ စွဲစွဲမြဲမြဲ ဂရုတစိုက် သိမ်းဆည်းထားခဲ့ခြင်းဖြစ်ကာ ပျက်စီးနေသောနေရာများကို စကော့တိပ်ဖြင့် အသေအချာ ကပ်ထားခဲ့သည်ပင်။  သို့သော် ထိုနားကြပ်များသည် အလွန်ဟောင်းနွမ်းနေပြီး လွန်ခဲ့သောရက်အနည်းငယ်ကစ၍ နားကြပ်တစ်ဖက်၏ ကေဘယ်ကြိုး၌ ဘာအသံမှ မကြားရတော့ပေ။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now