Chapter (78)

907 171 5
                                    

Chapter (78)
Act 10: Singing In the Rain (3)
Melody ဆိုတဲ့ဒါရိုက်တာကို အခွင့်အရေးတစ်ခုရှာပြီး ဖယ်ထုတ်ပစ်ချင်တယ်

ထိုအကြောင်းကိုစဉ်းစားပြီးနောက် ရှန်းချိုက်လည်း ဂီတဒါရိုက်တာနှင့် အင်တာဗျူးလုပ်ရန် ဆုံးဖြတ်လိုက်သည်။

တကယ်တော့ သူက ယောင်ရင်ကိုတွေ့ချင်ရုံသာမကဘဲ ယောင်ရင်ကလည်း သူ့ကို တွေ့ချင်နေခဲ့ခြင်းဖြစ်သည်။

ဤတေးဂီတပြဇာတ်ကို 'သန်းခေါင်ယံနေမင်းအား စောင့်စားခြင်း' ခေါ်ပြီး သူ့ကိုယ်သူ ကယ်တင်ဖို့ ကြိုးစားနေသော စိတ်ရောဂါဝေဒနာရှင်တစ်ဦး၏ ဇာတ်လမ်းဖြစ်သည်။ မူရင်းဇာတ်ညွှန်းသည်  အမည်မသိကိုယ်ရေးအတ္ထုပ္ပတ္တိတစ်ခုမှ ဆင်းသက်လာခဲ့ခြင်းဖြစ်ပြီး အဓိကဇာတ်ဆောင်သည် သူ့နားထဲတွင် တစ်စုံတစ်ယောက်တီးတိုးပြောနေသောအသံကို မကြာခဏကြားရလေ့ရှိသည်။ ဤအသံသည် သူ့မိတ်ဆွေဖြစ်ရုံသာမက သူ့ရန်သူလည်းဖြစ်၏။ ထိုအသံကသာ သူ့ကို ရယ်မောပျော်ရွှင်စေပြီး နာကျင်ခံစားရအောင်လည်း စွမ်းဆောင်နိုင်သည်။

ဤကိုယ်ရေးအတ္ထုပ္ပတ္တိဝတ္ထုကို မင်းသားချန်းယိဟန်က ရုပ်ရှင်ရိုက်ကူးချင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၎င်း၏ရုပ်ရှင်မူပိုင်ခွင့်ကို အတည်ပြုပေးလိုက်ပြီဖြစ်သောကြောင့် ၎င်းသည် ချန်းယိဟန်၏ ပထမဆုံးသော ကိုယ်တိုင်ဒါရိုက်တာလုပ်ကာ ကိုယ်တိုင်သရုပ်ဆောင်သည့် ဇာတ်ကားတစ်ခုဖြစ်လာမည်ဖြစ်သည်။

ထိုကဲ့သို့ ခေါင်းစဥ်ကြီးကြီးရှိနေသော တေးဂီတပြဇာတ်ပရောဂျက် 'သန်းခေါင်ယံနေမင်းအား စောင့်စားခြင်း' တွင် ချောမွေ့စွာတိုးတက်လာမှုများရှိသော်လည်း အခက်အခဲအချို့လည်း ရှိသေးသည်။

ချောမွေ့သောအပိုင်းမှာ ဒါရိုက်တာများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေရလွယ်ကူသောအပိုင်းဖြစ်သည်။  အခက်အခဲကတော့ လူတိုင်းလိုလိုသည် ရုပ်ရှင်ဧကရာဇ်နှင့် ယှဉ်ခံရမှာကြောက်သဖြင့် ဘယ်သူကမှ ဇာတ်ဆောင်မင်းသားနေရာ မယူရဲကြပေ။ နောက်ဆုံးမှာတော့ အမျိုးသားဇာတ်ဆောင်တစ်ယောက်ထွက်သွားသည့်အတွက် အဖွဲ့သားများမှာ ပြဿနာကိုဘောလီဘောပုတ်ရင်း  ရှန်းချိုက်ဆီသို့ ရောက်လာခြင်းသာ။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now